အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် စက်တင်ဘာ ၂၂ရက်နေ့ ညနေ(၃)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ MCCT အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်း ဦးဆောင်၍ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Sep 24,2021
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ၂၉၁ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
Sep 24,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ စျေးရပ်ကွက်ရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၃၃) ဦးအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက စျေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းအောင်နှင့်ဆယ်အိမ်မှူးများက ထောက်ပံ့ငွေများကို အဘိုးအဘွားများလက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
Sep 24,2021
(၁/၂၀၂၁) ကြိမ်မြောက် ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
Sep 24,2021
ရှမ်းပြည်နယ် ညောင်ရွှေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ လက်ကိုင် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Sep 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်တွင် EM ဘိုကာရှီမြေဩဇာနှင့်သဘာဝပိုးသတ်‌ဆေး ပြုလုပ်သုံးစွဲ‌ရေး တောင်သူများအားနည်းပညာ‌ပေး လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက် ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ ကြောင်းသိရသည်။
Sep 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအားသိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များအား ယနေ့နံနက် ၈ နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက Hand Speaker ဖြင့် ကျောက်တလုံး ကြီးမြို့ပေါ်ရပ်ကွက်လမ်းမများတွင် လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။
Sep 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ထင်းလောင်စာလျော့ချသုံးစွဲရေးအတွက် စက်တင်ဘာလ ၂၃ ရက်နေ့က မကျီးတုံကျေးရွာနှင့် တံတားဦး ကျေးရွာ များသို့ သွားရောက်ပြီး ထင်းတစ်ချောင်းထိုး မီးဖိုများ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။