ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ

ကော့ကရိတ် စက်တင်ဘာ ၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ Online မှတစ်ဆင့် အသိပညာပေး (Talk Show) ကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကော့ကရိတ်ခရိုင် ပြန်/ဆက် ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်လှလှနွယ်က ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန္ဒာဝင်းက  မိမိဌာန၏ရည်ရွယ်ချက် () ရပ်နှင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ပေးနေမှု၊ သဘာဝ လျော့ပါးရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ပေးခြင်း၊ ရပ်ကွက်/ကျေးရွာများအလိုက် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်း၊ ပြည်သူလူထုများ ပါဝင်သည့် သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ပေးခြင်း၊ ပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်း၊ လူစည်ကားရာနေရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ နံရံကပ်စာစောင်များနှင့် ပိုစတာများကို ချိတ်ဆွဲပြသပေးခြင်း၊ ကော့ကရိတ် ခရိုင်အတွင်းရှိ သဘာဝဘေး အန္တရာယ်ကြုံတွေ့ ခံစားရသည့် ပြည်သူများအား ထောက်ပံ့ငွေနှုန်းထားများနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး ထောက်ပံ့ပေးနေမှုများ၊ လူဦးရေအလိုက် ဆန်ရိက္ခာထောက်ပံ့နေမှုများ၊ ရေဘေး ရှောင်ပြည်သူ များအား ထားရှိရန်အတွက် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ် ()ရပ်ကွက် ဗိုလ်တဲ Centre ဆောက်လုပ် ထားရှိမှုနှင့် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ သင်တန်းများ၊ ဟောပြောပွဲများ ဆောင်ရွက် နိုင်ခြင်း မရှိသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ရောဂါ ဆောင်ရန် / ရှောင်ရန်များကို ပြန် / ဆက်ဦးစီးဌာနနှင့် ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများသို့ လိုက်လံအသိပေး နှိုးဆော်မှု ဆောင်ရွက်ခြင်း၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပေးအပ်သော တာဝန်ဖြစ်သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် စစ်ဆေးရေးဂိတ်များတွင် ကြီးကြပ်သူ အဖြစ် ပါဝင်ဆောင်ရွက်ခြင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကော့ကရိတ်ခရိုင်အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုနှင့် ထောက်ပံ့ပေးနေမှုစသည့် အကြောင်းအရာများကို ပြည်သူများ သိရှိအောင် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ခရိုင် (ပြန် / ဆက်)