အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်သို့ ရပ်ဝေးဒေသမှ ပြန်လည်ရောက်ရှိလာသူများ၊ Quarantine ဝင်ရောက်ပြီး  သတ်မှတ်ရက် ပြည့်သူများ၊ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ (၁၁၇) ဦးအား  ကိုဗစ်-၁၉ ပိုး ရှိ/မရှိ ( RDT Test Kit )  ဖြင့်  ယမန်နေ့ညနေက ပြည်သူ့ဆေးရုံနှင့်မြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံ (၃) ခုတို့တွင် စစ်ဆေးခဲ့ရာ ကိုဗစ် အတည်ပြုလူနာ (၄) ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
Sep 24,2021
နိုင်ငံတော်အစိုးရအနေဖြင့်ကိုဗစ်-၁၉ရောဂါကာကွယ်ကုသထိန်းချုပ်ခြင်းလုပ်ငန်းများကိုအစဉ်တစ်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီးပြည်သူများကာကွယ်ဆေးထိုးနှံနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ရဟန်းသံဃာတော်များ ၊ သီလရှင်များ ၊ အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများ ၊ မသန် စွမ်းသူများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံလုပ်သားများစသည့် ဦးတည်အုပ်စုများကို ဆေးထိုးစုရပ် (၁၀) နေရာသတ်မှတ်၍ ကိုဗစ်ကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်က မြန်အောင်မြို့ အောင်ဇေယျခန်းမတွင် ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိရှိရသည်။
Sep 24,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ခြင်း လုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ​ပြီး ပြည်သူများ ကာကွယ်ဆေးထိုးနှံနိုင်စေရေး ဆောင်ရွက်ပေးလျက် ရှိရာ ပန်းတောင်းမြို့နယ်တွင် အသက် (၅၅) နှစ်နှင့်အထက် ပြည်သူများနှင့် မသန်စွမ်း သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အ.ထ.က(ပန်းတောင်း)၊ ရွှေပင် (ဓမ္မာရုံ)၊ အထက(သူရဲတန်း)၊ ဖရုံကား(ဘုန်းကြီးကျောင်း)တို့တွင် ဆေးထိုးစုရပ်(၄)ခုဖြင့် ယနေ့ နံနက် ၉ နာရီအချိန်ခန့်မှစ၍ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Sep 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ယနေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်‌ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 24,2021
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ ဆွမ်းဝေယျာဝစ္စ အဆင်ပြေစေရေး မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ပဲနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းနိုင်ရေးအတွက်အလှူခံမဏ္ဍပ်ဖွင့်လှစ်ခြင်းကို ကျိုက်ထိုမြို့ နယ်ကျိုက်ထီးရိုးသမိုင်းပြတိုက် ရှေ့တွင် စက်တင်ဘာ ၁၇ ရက် မှ အောက်တိုဘာ ၃၀ရက်နေ့အထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ရာ မည်သူမဆို ပါဝင်လှူဒါန်း နိုင်ကြောင်း သိရသည်။
Sep 24,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ခုနှစ် ဘဏ္ဍာရေးနှစ် (Mini Budget) အတွက် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာရွေးချယ်အတည်ပြုခြင်း အခမ်းအနားကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
Sep 24,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ဒေသခံ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ဆောင်ရွက် ပေးနေမှုအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် အလေးထား လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက ပန်းတောင်း အ.ထ.ကကျောင်း၌ ဆေးထိုး စုရပ်တွင် လာရောက်သည့် ဒေသခံပြည်သူများနှင့် လမ်းသွားလမ်းလာ ခရီးသွားပြည်သူများကို ပန်းခင်းစီမံချက် အကြောင်း သိကောင်းစရာ ပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Sep 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိထိရောက်ရောက် ကာကွယ်ထိန်းချုပ်နိုင်‌ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အချိန်နှင့် တစ်ပြေးညီထိုးနှံပေး လျက်ရှိရာ ပထမအကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံပြီးသူများကို အုပ်စုအလိုက် ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံ‌ပေးလျက်ရှိပြီး ယနေ့‌နေ့လည် ၁နာရီအချိန်တွင်လည်း မြို့နယ် ကမ္ဘောဇခန်းမ၌ ဆက်လက်ထိုးနှံပေးခဲ့ကြ‌‌ကြောင်းသိရသည်။