အမြို့မြို့အနယ်နယ်သတင်းများ

Aug 13,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် အမျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်အဆင့် Gender ကျားမရေးရာ၊ NSPAW (National Strategic Plan for The Advancement of Women) အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း၊ CEDAW (Convention on the Elimination All Form of Discrimination Against Women) အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကွန်ဗန်းရှင်းပါပြဌာန်းချက်များ အသိ ပညာပေးသင်တန်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က အေးရိပ်ငြိမ်ရပ်ကွက်၊ ဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဒုတိယအကြိမ်ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 13,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့အတွင်း အများပြည်သူသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော လျှပ်စစ်ထရန်စဖော်မာများအား အကြီးစားပြုပြင်ထိန်း သိမ်းခြင်းလုပ်ငန်းများအား ယနေ့နံနက် ၈ နာရီခွဲအချိန်မှစတင်ကာ ပြုပြင်ထိန်းသိမ်း၊ အသစ်လဲလှယ်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
Aug 13,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ(၁၀)ရက်နေ့မှ (၁၁)ရက်နေ့အတွင် သဘာဝဘေးဒဏ်ခံစားခဲ့ရပြီး ပိုမိုထိခိုက်ခဲ့သော နေအိမ် (၁၈) လုံး အတွက် အလှူငွေရှာဖွေထိန်းသိမ်းရေးကော်မတီက နေအိမ်ပြန်လည်ဆောက်လုပ်ပေးနိုင်ရေး (၁) အိမ်လျှင် (၁၀) သိန်းနှုန်းဖြင့် သိန်း (၁၈၀) ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 13,2020
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ပညာရေးဌာနသို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဝရတ် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
Aug 13,2020
စစ်ကိုင်းမြိုနယ်တွင် ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ထိခိုက်မှုသက်သာစေရန်အတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစာ္ဆန်များ မွေးမြူရေးနှင့်စောင့်ရှောက်မှု ဆိုင်ရာ အသိပညာပေး သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ စစ်ကိုင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ မေထုန်မဲ့သားစပ်နည်း အသိပညာပေးသင်တန်းကို ဩဂုတ်(၈)ရက်မှ (၁၂) ရက်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။