ရပ်စောက်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၌ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရပ်စောက်        စက်တင်ဘာ  ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၌ ပြည်သူများအား သတ်မှတ်စုရပ်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် နာရီက ဆေးထိုးစုရပ် ()နေရာတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်မှုကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့ပေါ်ရပ်ကွက် ()ရပ်ကွက်နှင့် ဟွေးကျေးရွာအုပ်စု၊ လွယ်ကိုးကျေးရွာအုပ်စုရှိ ပြည်သူများအား ဇော်ဂျီရပ်ကွက်ရှိ ရဿဝတီခန်းမတွင်လည်းကောင်း၊ ယမ်းတွင်းငါးကြောင်ကျေးရွာ အုပ်စုရှိပြည်သူများအားပင်ဖြစ် တိုက်နယ်ဆေးရုံတွင် လည်းကောင်း၊ ပါမဲကျေးရွာအုပ်စုရှိ ပြည်သူများအား ညောင်ပင်သာ အထက်တန်းကျောင်းခွဲတွင် လည်းကောင်း မြို့နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ရပ်စောက်မြို့နယ်တွင် ၁၈-၉-၂၀၂၁ ရက်နေ့မှ ၂၄-၉-၂၀၂၁ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ( Sinopharm) ပထမအကြိမ် ထိုးနှံပြီးစီးသူဦးရေ (၆၈၅၅) ဦးရှိပြီး ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများကို သတ်မှတ်ထားသော ဆေးထိုးစုရပ်များ၌ ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)