ပန်လုံ စက်တင်ဘာလ ၂၄
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ မုန်းကွန်ကျေးရွာအုပ်စုတွင် အသက် (၆၀)နှစ်ထက်ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး(Vero Cell)ကို (ပထမအကြိမ်) အဖြစ် ယနေ့ နံနက်(၁၀)နာရီအချိန်က မုန်းကွန်ကျေးရွာအုပ်စု၊ စုပေါင်းခန်းမစုရပ်တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးလုပ်ငန်းကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်က အနီးကပ် ကြီးကြပ်၍ မြို့အဆင့်ဌာနဆိုင်ရာများက ပူပေါင်းဆောင်ရွက်လျက်ရှိပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးကာ လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြသည်။
ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ တာဝန်ကျဌာနဆိုင်ရာ များက ကာကွယ်ဆေးထိုးမည့်သူများအား တစ်ဦးနှင့် တစ်ဦး(၆)ပေအကွာ နေရာသတ်မှတ်ပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့်လက်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စာရင်းသွင်းခြင်းတို့ကို စနစ်တကျ စီစဉ်ကာ ကာကွယ်ဆေးထိုခြင်းလုပ်ငန်းကို အချိန်တိုအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးခဲ့ပါသည်။
ယနေ့တွင် ပန်လုံမြို့၊ မုန်းကွန်ကျေးရွာအုပ်စုမှ အသက်(၆၀)နှစ်အထက် ကျား (၂၈)ဦး၊ မ(၂၇)ဦး၊ စုစုပေါင်း (၅၅)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ထံမှသိရ သည်။
ပန်လုံ (ပြန်/ဆက်)