မော်လမြိုင်တွင် အငြိမ်းစားပင်စင်လစာများ ကိုဗစ်−၁၉ ကာကွယ်ရေးစည်းကမ်းများအညီ ဆက်လက်ထုတ်ပေး

 

မော်လမြိုင်     စက်တင်ဘာ     ၂၄

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)တွင်အငြိမ်းစားဝန်ထမ်းပင်စင်လစာ ငွေများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာကိုဗစ်-၁၉ကာလအတွင်းရောဂါကူးစက်မှုမဖြစ်ပေါ်စေရေး နှင့် သက်ကြီးပင်စင်စားများ  အေးချမ်းစွာ  ငွေထုတ်ယူနိုင်ရေးတို့အတွက်    အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင် စက်တင်ဘာ၂၁ရက်မှစတင်ကာနေ့စဉ်နံနက်၈နာရီမှစ၍ဆက်လက်ထုတ် ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ  အငြိမ်းစားဝန်ထမ်းများ၏  ပင်စင်လစာငွေများ  ထုတ်ယူရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး  စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိပြီး   မော်လမြိုင်မြို့နယ်တွင် စက်တင်ဘာ ၂၃ရက်နေ့ထိ မြို့ပြပင်စင်စား ၁၅၅၃ ဦးအား ငွေကျပ် ၁၇၉၂၂၂၇၇၆ နှင့်နိုင်ငံရေးပင်စင် စား၄၀ ဦးအတွက်ငွေကျပ် ၄၀၉၄၈၀၃ ထုတ်ပေးပြီးဖြစ်ကြောင်း နှင့်အလားတူ ကျန်ရှိသည့်အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကိုလည်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မော်လမြိုင် မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)မှသိရသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)