အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2021
မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက် မှုများလျှော့ပါးသက်သာလာစေရန်၊ အကောင်းဆုံကာကွယ်ဖို့ နည်းလမ်းများ သိရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက်(၉)နာရီခွဲအချိန်တွင် တန်းမြင့်ကျောင်း ရပ်ကွက် သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လိုက်လံအသိပညာပေး နှိုးဆော် ခဲ့ကြောင်းသိရသည်။
Sep 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်​မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ် နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးပန်ကြားချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာဆောင်ရွက်ကြရန်အတွက်( စကောကရင် ဘာသာ)နှင့် (ပိုးကရင် ဘာသာ) နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက တော်တရလေးကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 24,2021
လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက် ပြန့်နှံ့နေမှု အခြေအနေအရ ကူးစက် ပြန့်ပွားမှု လျော့နည်းပပျောက်စေရေး ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား မြိ့နယ်အတွင်း၌ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ဦးစီးမှူးနှင့် ဝန်ထမ်း များက ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Sep 24,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အခမဲ့ စစ်ဆေးခြင်းများကို Mobile Swab Van ယာဉ်ဖြင့် မြို့နယ်ထွေ/အုပ် ဝန်ထမ်းများ၊ Swab Team အဖွဲ့မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များနှင့် Volunteer များပူးပေါင်း၍ ကျေးရွာအရောက် RTD Test Kits ဖြင့် နေ့စဉ် အခမဲ့ စစ်ဆေးဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Sep 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပ‌လောက်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက်ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးမ ထိုးနှံရသေးသော ပြည်သူများအား (ပထမအကြိမ် ) ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ လ(၂၄)ရက်နေ့ နံနက်(၈:၀၀) နာရီအချိန် တွင် မြို့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ကျောက်တောင်ကျေးရွာ၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၌ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ မာရမ်းကျေးရွာနှင့် အေးချမ်းသာကျေးရွာတို့တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထိုးနှံပေး သည့် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများ၊ သံဃာတော်များ၊ စျေးရောင်းသူများအား ယမန်နေ့က မာရမ်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် လည်းကောင်း၊ ယနေ့တွင် အေးချမ်းသာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း ပထမအကြိမ် ထိုးနှံပေးခဲ့သည်။
Sep 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူး ရုံးမှဝန်ထမ်းများ က ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက် ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌စက်တင်ဘာ ၁၈ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
Sep 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မြို့နယ် အတွင်းရှိ စေတနာရှင်အလှူရှင်များ၏လှူဒါန်းငွေများဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက်မှာ တပ်ဆင်ပြီးစီးသွားပြီဖြစ်၍ ယနေ့ နံနက် ၁၁ နာရီအချိန်က စတင်စမ်းသပ် လည်ပတ်ခဲ့သည်။