ဝန်းသိုမြို့၌ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာအဆင့်ခေါင်းဆောင်မှု အသိပညာပေးသင်တန်းအမှတ်စဉ်(၂)ဖွင့်လှစ်

 

ဝန်းသို စက်တင်ဘာ ၂၄

 

 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများတွင် သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိပြီး ရေရှည် ဖွံ့ဖြိုး တိုးတက်သော ကျေးရွာများပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့် မားလာစေ ရန်အတွက် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာအဆင့်ခေါင်းဆောင် မှုဆိုင်ရာအသိပညာ ပေးသင်တန်း အမှတ် စဉ်(၂)ကို ယနေ့ နံနက် ၉နာရီခွဲအချိန်၌ အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။

 

အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးမြတ်မျိုးထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးတင့်ဆွေ၊ မြို့နယ်မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာတင်လှိုင်ဝင်း၊ သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစန်းဦးနှင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မျိုးသူတို့ကတက်ရောက်ခဲ့ကြပြီး ကျေးရွာအဆင့်ခေါင်းဆောင်မှု အရည်အချင်း၊ စွမ်းဆောင်ရည်မြင့်မားလာစေရန်အတွက်သင်ခန်းစာများ၊ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျုဟာပါ လုပ်ငန်းစဉ်များ၊ မြေဆီအကြောင်း စသည့်ဘာသာရပ်များကို ကျေးရွာ ၈ ရွာမှ သင်တန်း သား သင်တန်းသူ ၁၆ ဦး အား တာဝန်ရှိသူများက သင်ကြားသွားမည်ဖြစ်သည်။

 

ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာစီမံ ကိန်းအကောင်အထည်ဖော်သည့်ကျေးရွာ ၅ ရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း( VDP) အကောင် အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာ ၁၀ ရွာ၊ ရေပေးရေးလုပ်ငန်းဆောင်ရွက်သည့်ကျေးရွာ ၆ ရွာ၊ စုစုပေါင်း ကျေးရွာ ၂၁ ရွာတို့မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီများကို အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာ အဆင့်ခေါင်းဆောင်မှုစွမ်းဆောင်ရည်မြှင့်သင်တန်း ဖွင့်လှစ်သင်ကြားပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ကျော်မြိုင်