အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသက်(၅၅)နှစ်မှ (၆၄)နှစ်ကြား အသက်ကြီးသူများ၊ နာတာရှည် ရောဂါခံစား နေရသူများ၊ မသန်စွမ်းသူများနှင့် လူအများနှင့်ထိတွေ့ဆက်ဆံနေရသည့် ဝန်ထမ်းများအား စက်တင်ဘာ (၁၆) ရက်မှ (၂၃) ရက်နေ့ထိ (၉၁၀၂)ဦး ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း ယနေ့ နံနက်ပိုင်းမှစတင်၍ ကျေးရွာကျန်းမာရေးဌာနနေရာ၊ လယ်ဝေးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကာကွယ်ဆေးထိုးစင်တာနှင့် တိုက်နယ်ဆေးရုံတို့တွင် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
Sep 24,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် လောကပါလလူမှုကူညီရေးအသင်းမှ ကိုဗစ်(၁၉)ရောဂါ ကာကွယ်န်ုင်ရေးအတွက် ဖြည့်စွက်စာအားဆေး (၄) မျိုးနှင့် ဓါတ်ဆားများကိုမြို့ပေါ်ရပ်ကွက် များဖြစ်သည့် နမ္မဝေါရပ်ကွက် မြို့လယ်ရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ မန်မိုင်ရပ်ကွက် များရှိ အသက်(၁၈)နှစ်အထက်မိ ဘပြည်သူများအား ယနေ့နံနက် (၉) နာရီအချိန်မှစ၍ တစ်အိမ်တက်ဆင်း ဝေငှပေးခဲ့ကြောင်းသိရှိရသည်။
Sep 24,2021
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး( Sinopharm 1/ 5dose(BIBP)အမျိုးအစားကို သံတွဲမြို့နယ် အတွင်းရှိ အသက်(၅၅)နှစ်နှင့်အထက်ပြည်သူများအား ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၃ရက်နံနက် ၁၀နာရီမှညနေ ၄.၃၀နာရီအထိ စတင်၍ ဒွါရာဝတီမြို့နယ်ခန်းမနှင့် သက်ဆိုင်ရာကျန်းမာရေး ဌာန ဆေးထိုးစင်တာ (၁၀)ခုတွင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Sep 24,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုတွင် တတိယအကြိမ် အဖြစ်  တောင်ပေါ်တိုင်းရင်းသားကျေးရွာ(၈)ရွာရှိ အိမ်ထောင်စုပေါင်း( ၁၂၀၀)စုအတွက် အခြေခံ စားသောက်ကုန်များကို မိုးမိသားစုကုမ္ပဏီနှင့် ရွှေမိုင်းဟဲ မိသားစုတို့မှ ယမန်နေ့ နေ့လယ်ပိုင်း​က သွားရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။  
Sep 24,2021
မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီး ဌာန၊ ပုလောမြို့ နယ်ဦးစီးမှုးရုံးက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုများကို ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်ကမ်း ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်‌နေ့ နံနက်ပိုင်းက အမှတ် (၄)ရပ်ကွက် အုပ်ချုပ်ရမှူးရုံးသို့ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Sep 24,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသော ပြည်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ၊ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)၌ ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ ဆက် လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လိုက်နာရမည့် အချက်များအား ယနေ့နံနက်(၇)နာရီက မြို့ပေါ်ရပ်ကွက် လမ်းဆုံများတွင် အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြောင်းသိရသည်။
Sep 24,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျေးလက်နေပြည်သူများ၏ လူမှုဘဝတိုးတက် စေရန်ရည်ရွယ်ပြီး ကရင် ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆိုလာနှင့်ဆက်စပ်ပစ္စည်းများကို ယနေ့နံနက် ပိုင်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင် နှင့် တာဝန်ရှိသူများတို့က မဲလရော ကျေးရွာအုပ်စုရှိ ကျေးရွာ များမှ ဘုန်းတော်ကြီးကျောင်းများသို့ လက်ဝယ်အရောက် ကွင်းဆင်း ပေး အပ်ခဲ့ကြောင်း သိရှိရသည်။