Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တံတားဦးမြို့နယ်တွင် လမ်းစီမံကိန်းဧရိယာအတွင်းပါဝင်သောမြေဧရိယာများ မြေယာတန်ဖိုးပေးချေခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းများဆောင်ရွက်
Aug 14,2020
ရန်ကုန်-မန္တလေးအမြန်လမ်း တံတားဦးလေဆိပ် (အဝိုင်း) မှ မြို့သာစက်မှုဥယျာဉ်မြို့တော်သို့ ဆက်သွယ်မည့် လမ်းသစ်ဖောက်လုပ်ရေးအတွက် လမ်းဧရိယာအတွင်းပါဝင်သော မြေဧရိယာတန်ဖိုးပေးချေခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းတို့ကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ်၊ ဇီးချောင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည် ။
အပြည့်အစုံ ဖတ်ရန်
ကလေးဝမြို့နယ် ကိုင်းကျေးရွာ၌ အခြေခံလူတန်းစားအိမ်ထောင်စု ၃၁ စုအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများအားပေးအပ်
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ အတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် စတုတ္ထ အကြိမ် ထောက်ပံ့ငွေများကို ယနေ့ နံနက် ၁၁ နာရီက ကိုင်းကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၃၁ စုအား ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တလုံးကြီးမြို့၌ အသက်(၁၈)နှစ် ပြည့်ပြီးသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်များ ကွင်းဆင်းပြုလုပ်ပေး
Aug 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ နောင်ပစ်ကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာများမှ အသက်(၁၈)နှစ် ပြည့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိ စစ်ရေးကတ်ပြားများကို ယနေ့ နံနက် ၁၀ နာရီက ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး (၂/ ၂၀၂၀) နှင့် ငွေဗိုက် application နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး
Aug 14,2020
မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး (၂ /၂၀၂၀)နှင့် ငွေဗိုက် application နှင့်ပတ်သက်၍ ရှင်းလင်းမိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က နန်းထိုက်သူဟိုတယ်၌ကျင်းပခဲ့ရာ မကွေးတိုင်း ဒေသကြီး ကလေး သူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေး ဝန်ကြီး၊ ဒေါက်တာခင်မောင်အေးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးခရိုင် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်
Aug 14,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာများစိစစ်ခြင်းအား ယမန်နေ့နံနက် ၁၀နာရီအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တမူးခရိုင်၊ မြို့သစ်မြို့တွင် ချောင်းရေတိုက်စား၍ ပြိုကျသွားသော သစ်သားတံတားအား ယာယီသွားလာနိုင်ရေး ကိုယ်ထူ ကိုယ်ထဆောင်ရွက်
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် လွန်ခဲ့သောလက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နန်းသလားချောင်းရေတိုက်စားပြီး သစ်သားတံတား ပြိုကျသွားခဲ့ရာ ယာယီ သွားလာနိုင်ရေးအတွက် ရွာသာကျေးရွာနှင့်မွေလင်းကျေးရွာမှ ဒေသခံများမှ ယနေ့နံနက်က ကိုယ်ထူကိုယ်ထ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့၌ စျေးများနှင့် လိုင်စင်ထုတ်ပေးထားသော စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်မျာ…
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၏ သြဂုတ်လ ၁၃ ရက် ကြေညာချက်အမှတ် ၂၃/၂၀၂၀အရ အများပြည်သူသိရှိရန်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုအောက်ရှိစျေးများ လိုင်စင်ထုတ်ပေးထားသည့် စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင် များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ တိကျစွာ လိုက်နာဆောင်ရွက်ကြရန် ယနေ့နံနက် ၉ နာရီက လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်
Aug 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ရုံးမှ ပင်မွန်းကျေးရွာအုပ်စုနှင့် စင်းတောင်းကျေးရွာ အုပ်စုအတွင်းရှိ အသက်(၁၈) ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့်သူ များအား သစ္စာ စီမံချက်ဖြင့် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25440
Page
25441
Page
25442
Page
25443
Current page
25444
Page
25445
Page
25446
Page
25447
Page
25448
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department