အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၂၁-၂၀၂၂ ခုနှစ် ပထမ ၆ လ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့တိုးတက်ရေးစီမံကိန်း ကျေးရွာများရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံး၌ ကျင်းပသည်။
Sep 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ယင်းတို့မှ မွေးဖွားလာသော (၂)နှစ်အောက် ကလေးများအား ထောက်ပံ့ကြေးငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
Sep 24,2021
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့လာသည်မှာ ယခုဆိုလျှင် ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းကာလများတွင် ပိုးတွေ့ရှိမှု နည်းပါးခဲ့သော်လည်း ယခု တတိယလှိုင်းတွင် ပိုးတွေ့လူနာ နှစ်ရာကျော်အထိ ရောက်ရှိခဲ့သည်။ အဆိုပါ ရောဂါပိုး တွေ့ရှိခဲ့သူများမှ ပျောက်ကင်းသက်သာလာသူတစ်ချို့၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။
Sep 24,2021
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်နှင့်စွန်ဆည်ရေလှောင်တမံသည် စက် တင်ဘာ ဒုတိယပတ်မှ စတင်၍ ရေပိုလွှဲမှရေကျော်ကျလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ရေပြည့် အမှတ်ထက်ကျော်လွန်၍ ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်းမြို့နယ် ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။
Sep 24,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရား မန်းချောင်း အထက်ပိုင်းရှိ အထက်အညာ ဒေသများတွင် ယခုရက်ပိုင်း မိုးများရွာသွန်းခဲ့မှုကြောင့် ရွှေစက်တော်ဘုရာ မန်းချောင်းအတွင်း ယနေ့နံနက်ပိုင်းက မန်းချောင်းရေများတိုးမြင့်နေကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
Sep 24,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမက(၆)၊ ဒဂုံတက္ကသိုလ်နှင့် စက်မှုဇုန်တို့တွင် ယနေ့ နံနက်(၉) နာရီ အချိန်မှ စတင်၍ ဝန်ထမ်း၊ ဝန်ထမ်း မိသားစုနှင့် စက်မှုဇုံတို့ရှိ အလုပ်သမား (၁၅၇၃)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။