အမြို့မြို့အနယ်နယ်သတင်းများ

Aug 14,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက် ရှိသော စီမံကိန်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ကြကြောင်း ဂန့်ဂေါမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ မကျည်းကုန်းကျေးရွာအုပ်စု၊ ပိန်းအင်းကုန်း‌ ကျေးရွာတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)ချေးငွေများ ထုတ်ချေး ‌ပေးခဲ့ကြောင်း သိရသည်။
Aug 14,2020
မကွေးတိုင်းဒေကြီး သရက်ခရိုင် အောင်လံမြို့၌မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ကွန်ကရစ်လမ်းခင်းခြင်းနှင့် အုတ်ရေ မြောင်း ပြုလုပ်နေမှုအား ယမန်နေ့နံနက်(၁၀)နာရီခွဲက မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာမှူး တို့သည် အဖွဲ့မှဆောင်ရွက် လျက်ရှိသော လုပ်ငန်းများဆောင်နေမှုများအားကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ ကနန်စံပြကျေးရွာတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ၁၃-၈-၂၀၂၀ ရက်နေ့ ညနေပိုင်းက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ ငွေပေးအပ်ခြင်းကို စတုတ္ထအကြိမ်မြောက် ယမန်နေ့မွန်းလွဲပိုင်းအချိန်က ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ငွေသာခန်းမတွင် ပြုလုပ်ခဲ့သည်။
Aug 14,2020
မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းတွင် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပပြု လုပ်ရာ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားသည်။