ညောင်တုန်းမြို့နယ်တွင် အသက် (၅၅) နှစ်မှ (၆၀) နှစ်အထိပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ညောင်တုန်း   စက်တင်ဘာ   ၂၄

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသက်၆၀နှစ်မှ ၆၄နှစ်အထိရှိ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် နာရီ အချိန်မှစ၍ မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ်() ခုတွင် ထိုးနှံပေး လျက်ရှိသည်။

ညောင်တုန်းမြို့နယ်အတွင်း အသက် ၅၅နှစ်မှ ၆၀နှစ်အထိရှိပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တစ်မြို့နယ်လုံးအတွက် ဆေးထိုးစုရပ် () ခုဖြစ်သော ညောင်တုန်းမြို့ အမှတ်() အခြေခံ ပညာအထက်တန်းကျောင်း၊ ဆားမလောက်အခြေခံပညာအထက်တန်းကျောင်း၊ ချောင်းကြီးအခြေခံပညာအထက် တန်း ကျောင်း၊ မဲဇလီဒလအခြေခံပညာအထက်တန်းကျောင်း၊ စက္ကော့အခြေခံ ပညာအထက်တန်းကျောင်းနှင့် သပြေချောင်းအခြေခံ ပညာအထက်တန်းကျောင်းတို့တွင် ဆေးထိုးအဖွဲ့များ ဖွဲ့စည်းထားရှိပြီး နံနက် ၉ နာရီမှ ညနေ ၃နာရီအထိ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)