တန့်ယန်း စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ယင်းတို့မှ မွေးဖွားလာသော (၂)နှစ်အောက် ကလေးများအား ထောက်ပံ့ကြေးငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောဥမ္မာက ကိုယ်ဝန်ဆောင်မိခင် များနှင့် ယင်းတို့မှမွေးဖွားလာသော(၂)နှစ်အောက် ကလေးများအား ၂၀၂၀-၂၁ ဘဏ္ဍာနှစ်၏ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ သုံးလအတွက် ထောက်ပံ့ကြေးငွေ တစ်ဦးလျှင် တစ်လကို တစ်သောင်းခွဲကျပ်နှုန်းဖြင့် စုစုပေါင်း (၄၅၀၀၀)ကျပ် ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများအား ထောက်ပံ့ကြေးငွေများ ပေးအပ်ခဲ့သည်။
အခမ်းအနားအပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောဥမ္မာနှင့်တာဝန်ရှိသူတို့က အမှတ်(၅)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ယင်းတို့မှမွေးဖွားလာသော (၂)နှစ်အောက် ကလေးများအား အိမ်တိုင်ရာရောက် ထောက်ပံ့ကြေးငွေများ လိုက်လံပေးအပ်ခဲ့ကြကြောင်းနှင့် ကိုယ်ဝန်ဆောင် မိခင် (၁၈၁၆)ဦးနှင့် ယင်းတို့မှ မွေးဖွားလာသော (၂)နှစ်အောက် ကလေးသူငယ် (၁၅၈၄)ဦးအား ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)