ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဝန်ထမ်း၊ ဝန်ထမ်းမိသားစုနှင့် စက်ရုံလုပ်သား (၁၅၇၃)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ဒဂုံအရှေ့ စက်တင်ဘာ ၂၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမက(၆)၊ ဒဂုံတက္ကသိုလ်နှင့် စက်မှုဇုန်တို့တွင် ယနေ့ နံနက်(၉) နာရီ အချိန်မှ စတင်၍ ဝန်ထမ်း၊ ဝန်ထမ်းမိသားစုနှင့် စက်မှုဇုံတို့ရှိ အလုပ်သမား (၁၅၇၃)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမျိုးသူ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ ထိုးနှံစေပြီး စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် စစ်ဆေးပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဦးတည်အုပ်စုများ ကျန်ရှိမှုမရှိစေရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက  ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိပြီး စက်တင်ဘာလ(၂၅)ရက်နေ့၌ အမက(၆)တွင် မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသော မသန်စွမ်းသူ များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)