Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး မကွေးပညာရေးကောလိပ်ရှိ ဆရာ/ဆရာမများ နှင့်တွေ့ဆုံ
Sep 25,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့နံနက် (၁၀)နာရီ အချိန်က မကွေးပညာရေးကောလိပ်၊ အစည်းအဝေးခန်းမတွင် ဆရာ/ ဆရာမများနှင့် တွေ့ဆုံ၍ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ ပြန်လည်ဖွင့်လှစ်ပါက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ဒီဂရီကောလိပ်များ ဉပဓိရုပ်ကောင်းမွန်ရေး ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သာယာဝတီမြို့နယ်အတွင်း သတင်းသုံးတော်မူသော ရဟန်း၊ သံဃာ၊ သီလရှင်တို့အား အခြေခံစားသောက်ကုန်များလှူဒါန်း
Sep 25,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း သီတင်းသုံးတော်မူသော ရဟန်း၊ သံဃာ၊ သီလရှင်တို့အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းကို သာယာဝတီမြို့၊ ကျိုက်ထို ဇောတိကာရုံ ပရိယတ္တိစာသင်တိုက်၌ ယမန်နေ့ နေ့လယ်ပိုင်း က သွားရောက်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၁၅၇)ကြိမ်မြောက်သစ်သီးဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ထန်းတပင်မြို့နယ်တွင်ကျင်းပ
Sep 25,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး ပရိယတ္တိစာသင်တိုက်ကြီးတွင် ကိန်းဝပ်စံပယ်တော်မူသော ဆုတောင်းပြည့်ပေါ်တော်မူ မြသိန်းတန် ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား သစ်သီးဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို တော်သလင်း လပြည့်ကျော်(၄)ရက်၊ ယမန်နေ့၊ နံနက်ပိုင်းမှစတင်၍ အဆိုပါကျောင်းတိုက်တွင် ကျန်းမာရေးလမ်းညွှန်ချက် များနှင့်အညီကျင်းပပြုလုပ်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေး
Sep 25,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး များဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက လှိုင်းတက်ကျေးရွာအုပ်စု မယ်ဇလီကန်အခြေခံပညာအထက်တန်းကျောင်းနှင့်အုတ်တွင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲတို့တွင် ဆေးထိုးစုရပ်များထားကာထိုးနှံပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ညှိနှိုင်းစည်းဝေး
Sep 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (တတိယနေ့) ဆက်လက်ထိုးနှံပေး
Sep 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများကို ယမန်နေ့ နံနက်(၉)နာရီ အချိန်မှ စတင်၍ သတ်မှတ်စုရပ်နေရာများဖြစ်သည့် အမှတ်(၄)ရပ်ကွက်၊ လူထုဓမ္မာရုံ၊ အမှတ်(၆)ရပ်ကွက် မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် အမှတ်(၁၁) ရပ်ကွက်သာသနာ့ ဟိတဓမ္မာရုံတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ပထမအကြိမ် (တတိယနေ့) ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ ပန်းခင်းစီမံချက်အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Sep 25,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သီရိဟေမာရပ်ကွက်၌ ကွင်းဆင်းပြုလုပ်ပေးသည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသလေရှီးမြို့တွင် Mask Campaign လုပ်ငန်းများဆောင်ရွက်
Sep 25,2021
နာဂဒေသလေရှီးမြို့တွင် Covid-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက် ၉ နာရီမှ မွန်းတည့် ၁၁ နာရီထိ၊ ညနေ ၃ နာရီမှ ၄:၃ဝထိ မြို့နယ်Covid-ကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်း၍ လေရှီးမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ရှေ့တွင် Mask Campaign လုပ်ငန်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25439
Page
25440
Page
25441
Page
25442
Current page
25443
Page
25444
Page
25445
Page
25446
Page
25447
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department