မြို့သစ် စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်နှင့်စွန်ဆည်ရေလှောင်တမံသည် စက် တင်ဘာ ဒုတိယပတ်မှ စတင်၍ ရေပိုလွှဲမှရေကျော်ကျလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ရေပြည့် အမှတ်ထက်ကျော်လွန်၍ ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်းမြို့နယ် ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။
စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီး ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ လက်ရှိရေမှတ်မှာ (၆၂၆ ဒသမ ၈၀)ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက်(တစ် ဒသမရှစ်ပေခန့်) ရေကျော်ကျလျက်ရှိပြီး ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် ( ၅၆၀ ဒသမ ၅၀ )ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၄ ဒသမ ၄၀ )ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် (သုံး ဒသမ ကိုးပေခန့်)ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း သိရသည်။
ဆည်များ၏ရေပိုလွှဲမှရေကျော်ကျမှုကြောင့် ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများဘေး အန္တရာယ်ကင်းရှင်းရေးအတွက် ဆည်အနီးအနားနှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် အ စိမ်းရောင်အလံစိုက်ထူ၍ အရေးပေါ်အခြေအနေအဆင့်(၁)အဖြစ် ဆက်လက်အသိပေးနှိုးဆော်ထား ကြောင်းမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက် ထံက သိရသည်။
ဝင်းအိဇွန်