နောင်တရားဒေသ၌ မိုးကြိုအာလူး စတင်တူးဖော်
Oct 10,2023
နောင်တရားမြို့ အနီးပတ်ဝန်းကျင်ဒေသများတွင် အာလူးကို ရေသွင်းအာလူး၊ မိုးကြိုအာလူး၊ မိုးနှောင်းအာလူး ဟူ၍ သုံးကြိမ်စိုက်ပျိုးလျက်ရှိပြီး ယခု အောက်တိုဘာလတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများ၌ မိုးကြိုအာလူးကို စတင်တူးဖော်လျက်ရှိသည်။