သတင်းများ

နတ်မောက်မြို့နယ်တွင် ငရုတ်သီးခြောက် စျေးကောင်းရရန် မျှော်လင့်   
Oct 10,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ငရုတ်စိုက်တောင်သူများမှာ ငရုတ်သီးခြောက် စျေးကောင်းရရှိရန် မျှော်လင့်နေကြောင်း ငရုတ်စိုက်တောင်သူ မသန်းဝေထံကသိရသည်။
သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်းနှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေ
Oct 10,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၈:၃၀)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
လူထုအခြေပြုဗဟိုဌာန၌ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်
Oct 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို  ယနေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
မိုင်းခတ်မြို့နယ်တွင် အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဒေသခံတိုင်းရင်းသားပြည်သူများအား လာရောက်ဖျော်ဖြေ
Oct 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ အမှတ်(၂)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဒေသခံတိုင်းရင်းသားပြည်သူများအား လာရောက်ဖျော်ဖြေပွဲကို ယမန်နေ့ ည ၇ နာရီအချိန်က စတင်၍ မြို့နယ်အားကစားခန်းမအတွင်းတွင် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများကို အသိပညာပေးဟောပြော၍ နံရံကပ်စာစောင်များပြသ
Oct 10,2023
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဆောင်ရွက်သော အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်၉နာရီခွဲက အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၄)ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ကျောက်မဲမြို့၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲ ဆောင်ရွက်
Oct 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွှဲ ၁နာရီအချိန်က အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
အင်းစိန်မြို့နယ်၊ အ.ထ.က(၃)ကျောင်းရှိ အလင်းသစ်ကျောင်းစာကြည့်တိုက်သို့ ဗဟုသုတရရှိစေမည့် စာအုပ်များလှူဒါန်း
Oct 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတများစွာရရှိစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဗဟုသုတရရှိစေမည့် စာအုပ်များလှူဒါန်းခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ အ.ထ.က(၃)ကျောင်းရှိ အလင်းသစ်ကျောင်းစာကြည့်တိုက်တွင် လှူဒါန်းသည်။
ဖျာပုံမြို့နယ် ပုလဲ အ.လ.က(ခွဲ)ကျောင်းတွင် လူငယ်အသိပညာပေး ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်
Oct 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့ နယ်၊ပုလဲကျေးရွာ၊ ပုလဲ အ.လ.က (ခွဲ)ကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။