လှည်းကူးမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စုများအား ရွှေ့ပြောင်းကူညီ
Oct 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်ကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် အောက်တိုဘာ ၈ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပွားလျက်ရှိရာ ခရိုင်/ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာ လုပ်အားရှင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရွှေ့ပြောင်းကူညီပေးလျက်ရှိသည်။