မိုးနဲ အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်ဩဝါဒါစရိယဆရာတော်၏ ဦးဆောင်စီစဉ်မှုဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းဆောင်သစ်၊ အိပ်ဆောင်နှင့် စားဖိုဆောင်များ ဆောက်လုပ်လျက်ရှိရာ မြို့နယ်မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အဆိုပါ နေရာသို့ ယနေ့နံနက် ၁၀ နာရီအချိန်က အလှူငွေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လစဉ်စုပေါင်းလှူဒါန်းသော အလှူငွေကျပ် ၅၀၁၀၀၀ ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ဩဝါဒါစရိယဆရာတော်ကိုယ်စား ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တနေမိန္ဒက လက်ခံခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)