သတင်းများ

သီပေါမြို့နယ် ဘော်ကြိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်
Oct 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဘော်ကြိုကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ၌ ယမန်နေ့ မွန်းလွှဲ(၁)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်း ဆောင်ရွက်
Oct 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာစေရန်အတွက် မော်တော်ယာဉ် အသုံးပြုသူများအား အသိပညာပေးလုပ်ငန်းကို  အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက် ဗိုလ်ချုပ်လမ်း၌ တာဝန်ရှိ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
မိုင်းငေါ့မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်
Oct 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ရုံးခန်း၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို ယ‌မန်နေ့နံနက် (၁၀)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မောက်မယ်မြို့နယ်၌ (၂၇)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား ကျင်းပ
Oct 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့က ကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော သိရိမင်္ဂလာမြို့လယ်ဓမ္မာရုံအတွင်း ဆင်ယင်ကျင်းပသော နေ့/ညအသံမစဲ (၂၇)ကြိမ်မြောက် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁၂ နာရီက အဆိုပါသိရိမင်္ဂလာမြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းခုတ်မြို့၌ သီးမွှေးငှက်ပျောပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် ဒေသခံတောင်သူများ အမြတ်ငွေပိုမိုရရှိ
Oct 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ သီးမွှေးငှက်ပျောပင်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် အခြားသီးနှံများထက် အမြတ်ငွေပိုမိုရရှိကြောင်း သီးမွှေးငှက်ပျော စိုက်ပျိုးရောင်းချသူများထံမှ သိရသည်။
မောက်မယ်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Oct 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံကျောင်းသား လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက နမ့်လွတ်ကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း(နမ့်လွတ်)တွင်လည်းကောင်း နေ့လယ် ၁ နာရီတွင် နမ့်လွတ်(၂)ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။
လူငယ်များ ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးစေရန် မိုင်းပန်မြို့နယ်တွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Oct 10,2023
လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုမှု ပြုတတ်စေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မြို့မ‌၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်မရောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး
Oct 10,2023
ကျိုက်မရောမြို့နယ်၌ စာပေချစ်မြတ်နိုးသူဝန်ထမ်းများ စာပေလေ့လာဖတ်ရှုခွင့်ရရှိစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစာငှားစနစ်ဖြင့် စာအုပ်များလှည့်လည်ငှားရမ်းပေးခြင်းကို  ယနေ့နံနက် ၁၁ နာရီက မြို့နယ်သစ်တောရုံးနှင့် လယ်ယာဖွံ့ဖြိုးရေးဘဏ် ရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။