သတင်းများ

ပုဏ္ဏားကျွန်းမြို့၌ သီတင်းကျွတ်ကာလတွင် ဆီမီးဖောင်အလှပြိုင်ပွဲကျင်းပမည်
Oct 10,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ သီတင်းကျွတ်ကာလတွင် ဆီမီးဖောင်လှည့်လည် ပူဇော်ခဲ့တဲ့ဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ ပုဏ္ဏားကျွန်းမြို့နယ် လူငယ်များ အစည်းအရုံးမှဦးစီးပြီး ဆီမီးဖောင်အလှပြိုင်ပွဲတစ်ခု ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးစေရေးအတွက် ပုသိမ်မြို့၊ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းပြုလုပ်
Oct 10,2023
လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုမှုပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း ဧရာဝတီခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့၌ လူငယ်ရေးရာနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
Oct 10,2023
မကွေးတိုင်းဒေသကြီး ၊ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်၁၀နာရီအချိန်က လူငယ်ရေးရာနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်သည်။
ပင်လောင်းမြို့နယ်၌ ဒေသထွက်ကုန်ဖြင့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲပြုလုပ်
Oct 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများနှင့် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (One Region One Product) ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ဖြင့် ဖွင့်လှစ်သည့်  လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ပင်လောင်းကြီးကျေးရွာအုပ်စု၊ ပင်လောင်းကြီးအရှေ့ရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝါးခယ်မမြို့နယ်၌ ဆောင်းသီးနှံနေကြာစိုက်ပျိုးရန် တောင်သူများနှင့် ကွင်းဆင်းတွေ့ဆုံ
Oct 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ တောင်သူများအား ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဝါးခယ်မမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင် များမှ ကွင်းဆင်းတွေ့ဆုံခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်၌ အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ
Oct 10,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ တောင်သူအသိပညာပေးစင်တာ၌ ယမန်နေ့မွန်းလွဲပိုင်းက အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီး ဆုံးရှုံးမှုလျော့နည်းရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Oct 10,2023
အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ပြည်မြို့ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားသည်။
ဖောင်းပြင်မြို့ အမက(၂) မူလွန်ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Oct 10,2023
ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများရရှိရေးနှင့် တစ်ဦးနှင့်တစ်ဦး ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အမက(၂)မူလွန်ကျောင်း တွင် ယနေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။