သတင်းများ

ဆီဆိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူတော်လူကောင်းများဖြစ်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပါလောပါကယ်ကျေးရွာအုပ်စု၊ မိုက်တီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်
Oct 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မူလတန်းအဆင့် ဟောပြောပွဲ၊ ရုပ်ပုံပြပုံပြင်ဖတ်ပြခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့
Oct 10,2023
ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာတွင် အင်ဗာတာဖြင့် ဘထ္တရီအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ် ၁ လုံးမှ မိသားစုဝင်များအတွက် အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက ယမန်နေ့က သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင်  မိုးသည်းထန်စွာရွာသွန်း၍ ရေကြီး၊ ရေလျှံမှု ဖြစ်ပွား
Oct 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်း ယမန်နေ့ နံနက် ၄ နာရီအချိန်မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး  တောင်ကျရေများစီးဆင်းမှုကြောင့် မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရေကြီး၊ ရေလျှံမှုဖြစ်ပွားကာ ယာဉ်ကြီး/ယာဉ်ငယ်များ  ဖြတ်သန်းသွားလာ၍မရကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ လူငယ်​ရေးရာကိစ္စရပ်များအား အသိပညာ​ပေး​ဟော​ပြော
Oct 10,2023
​ကျောင်းသား၊ ​ကျောင်းသူများအား မျိုးချစ်စိတ်ဓါတ်များရှင်သန်ထက်မြတ်​စေ​ရေး၊ အကျင့်စာရိတ္တ​ကောင်းမွန်စေရေး၊ ကျန်းမာကြံ့ခိုင်စေရေးနှင့် အသိပညာများတိုးပွားစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အ.ထ.က(ထန်းတပင်)အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ရတနာခန်းမတွင် လူငယ်ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်​နေ့၊ နံနက်ပိုင်းကကျင်းပသည်။
သီပေါမြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်
Oct 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် အမျိုးသမီးအသင်း(Women Club) တို့ ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင်ဗဟုသုတများ ဆွေးနွေးဖလှယ်နိုင်စေရန်နှင့် စာပေဖတ်ရှု သည့်အလေ့အကျင့်ကောင်းများပေါ်ထွန်းလာစေရန်  ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၌ အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးကဏ္ဍအပေါ် အကျိုးသက်ရောက်မှုများနှင့် ကြိုတင်စီမံဆောင်ရွက်ရမည့် လုပ်ငန်းများညှိနှိုင်းဆွေးနွေး
Oct 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်ဆွေက အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးကဏ္ဍအပေါ် အကျိုးသက်ရောက်မှုများနှင့် ကြိုတင်စီမံဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တောင်သူလယ်သမား ကိုယ်စားလှယ်ကြီးများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ဆင်များရှင်ဆုတောင်းပြည့်စေတီတော်၌ သီတင်းကျွတ်လပြည့်နေ့ ဆီမီးတစ်ထောင် ပူဇော်နိုင်ရန် အလှူတော်ငွေ ဆက်ကပ်လှူဒါန်း
Oct 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ ဆင်များရှင် ဆုတောင်းပြည့် စေတီတော်၌ ၁၃၈၅ခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ဆီမီးတစ်ထောင် ပူဇော်နိုင်ရန် “မင်္ဂလာသံလွင်” ကုမ္ပဏီ(မိသားစု)မှ ယနေ့နံနက် ၁၀ နာရီက အလှူတော်ငွေ ဆက်ကပ်လှူဒါန်းသည်။