လက်ပံတန်း အောက်တိုဘာ ၁၀
နိုင်ငံ၏အနာဂတ်ကို ဖန်တီးတည်ဆောက်ကြမည့် လူငယ်များစာရိတ္တကောင်းမွန်ပြီး အရည်အချင်းပြည့်ဝစေရန်၊ ပညာနှင့်ကိုယ်ကျင့်တရားကောင်းမွန်စေရန် ရည်ရွယ်၍ လူငယ်အသိပညာပေး ဟောပြောပွဲများဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက အ.လ.က (မှော်အင်း)ကျောင်းနှင့် အ.မ.က (ကမ်းပြိုကြီး) ကျောင်းများသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက “ဗလငါးတန်ဖွံ့ဖြိုးဖို့ စာဖတ်ခြင်းကိုမြှင့်တင်စို့” ခေါင်းစဉ်ဖြင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်မှ လူကုန်ကူးခြင်းနှင့်ပတ်သက်သည့် အသိပညာပေး အကြောင်းအရာများကို ဟောပြော ဆောင်ရွက်ခဲ့သည်။
ထို့နောက် စာကြည့်တိုက်လက်ထောက်(၃) ဒေါ်စုဝေနှင်းမှ စက္ကူပြဇာတ်နှင့် ပုံပြင်ပြောခြင်းများ ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)