မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဈေးရောင်းပွဲတော် ကျင်းပ
Oct 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဈေးရောင်းပွဲတော်ကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က ကျင်းပခဲ့သည်။ အဆိုပါ ဈေးရောင်းပွဲ တော်ကို လူနေမှုဘဝအတွက် အရေးကြီးလှသော ကျန်းမာရေးနှင့် သက်ဆိုင်သည့် (၁) ခန္ဓာကိုယ်ကြီးထွားစေသာ အစားအစာ (၂) အင်အားဖြစ်စသော အစားအစာ (၃) ရောဂါကို ကာကွယ်စေသော အစားအစားများဟူ၍ အစာအုပ်စု(၃)မျိုးကို ကျောင်းသား/ကျောင်းသူများ နားလည်သိရှိစရန်နှင့် စည်းလုံးညီညွတ်မှုရှိစရန်၊ လူမှုဆက်ဆံရေးနယ်ပယ်တွင် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်ထံမှ သိရသည်။