သတင်းများ

မိုင်းစံမြို့တွင် မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် မှုခင်းကြိုတင်ကာကွယ်ရေးနှင့်မှုခင်းပညာပေးလက်ကမ်းစာစောင်ကို အောက်တိုဘာလ ၈ ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ လူစည်ကားရာ စျေး၊ ဆိုင်ခန်းများ၌ ဖြန့်ဝေခဲ့သည်။
ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Oct 10,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်(Book Club)အဖွဲ့တို့ပူးပေါင်း၍ (Community Centre)ခန်းမတွင် စာရေးဆရာကောင်းသန့်ရေးသားသည့် ​တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းစာအုပ်ဖြင့် ယနေ့မွန်းလွဲပိုင်းကစာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Oct 10,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံ ငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ်၊ မဲဒီးကျေးရွာတို့သို့ သွားရောက်ငှား ရမ်းပေးကြသည်။
မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Oct 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာရေးဆရာမ ခင်စောတင့်၏ "စွန့်စားမှုဆီသို့ ‌‌ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့လယ် (၁း၃၀)အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲ ကျင်းပပြုလုပ်
Oct 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့မွန်းတည့်(၁၂)နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သီတင်းကျွတ်မီးထွန်းပွဲတော်တို့နွှဲပျော်ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ဖြူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ
Oct 10,2023
ကျောင်းသားအရွယ်ကလေးငယ်များ မြန်မာ့ယဉ်ကျေးမှုကို အလေးထားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်စေရန်အတွက် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား သီတင်းကျွတ်မီးထွန်းပွဲတော်တို့နွှဲပျော် ခေါင်းစဉ်ဖြင့် ပြိုင်ပွဲကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Oct 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ် ၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။
မက်မန်းမြို့တွင် ဒေသဝက်တစ်ပိုင်တစ်နိုင်မွေးမြူ၍ မိသားစုအပိုဝင်ငွေ ရရှိ
Oct 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် ဒေသဝက် တစ်ပိုင်တစ်နိုင်မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ လျက်ရှိ ကြောင်း သိရသည်။