သတင်းများ

ပေါက်ခေါင်းမြို့၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအတွက်  ကြပ်မတ်စစ်ဆေး ဆောင်ရွက်
Dec 14,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦး‌မျိုးသူ‌‌အောင်နှင့် တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် (၁၁)နာရီအချိန်က မီးဘေးလုံခြုံရေး၊ မီးဘေးကြောင့် အဆောက်အဦများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးတို့အတွက် မြို့နယ်တွင်းရှိ စာသင်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား တာဝန်ရှိသူများထံသို့ မှာကြား ဆောင်ရွက်ခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ ဗဟုသုတတိုးပွားရရှိစေရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Dec 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှတစ်ဆင့် အသိပညာ၊ ဗဟုသုတတိုးပွားရရှိစေရေးရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆိပ်ကြီးအရှေ့ရပ်ကွက်အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းနှင့် ဆိပ်ကြီးအနောက်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းတို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ  ဆောင်ရွက်ခဲ့သည်။
မုံရွာမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းနှင့် စာအုပ်၊ စာစောင် နံရံကပ်စာစောင်ပြပွဲကျင်းပ
Dec 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေများ ပိုမိုလေ့လာဖတ်ရှုစေရန်အတွက် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မုံရွာမြို့ သလ္လာရပ်ကွက် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း နဝရတ်အ‌ဆောင် ခန်းမတွင် လူငယ်စကားဝိုင်းနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ စက်ရုံများအား မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေး
Dec 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင်လည်း မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်း ဦးထွန်းအိုရပ်ကွက်၊ တောင်ပြာတန်း ဆန်စက်ဝင်းအတွင်းရှိ ခြင်ဆေးခွေစက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ပန်းတောင်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အထက်တန်းကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Dec 14,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်မြို့နယ်အဆင့် အထက်တန်းကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉:၃၀) အချိန်ကအခြေခံပညာအထက်တန်းကျောင်း(ပန်းတောင်း)ခန်းမ၌ ကျင်းပခဲ့သည်။
ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ
Dec 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ညနေ ၄ နာရီက စာပေချစ်မြတ်နိုးသူများ၊ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် (MEVM)စက်နှင့်စပ်လျဥ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းပြုလုပ်
Dec 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကျိုက်ကလို့သာသနာ့ဗိမ္မာန်တော်ကြီး၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှကြီးမှူးကျင်းပသော အီလက်ထရောနစ်မဲပေးစက်(MEVM) စက်အသုံးပြုနည်းနှင့်စပ်လျဥ်း၍ လက်တွေ့ရှင်းလင်းသရုပ်ပြခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
တံတားမြို့ အ.ထ.ကကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲ ပြုလုပ်
Dec 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီက တံတားမြို့ အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပသည်။