မြန်မာနိုင်ငံကြက်ခြေနီအသင်း လူငယ်ခေါင်းဆောင်မှု သင်တန်းဖွင့်ပွဲကျင်းပ
Dec 14,2023
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ကြက်ခြေနီလူငယ်များ၏စွမ်းဆောင်ရည်များမြှင့်တင်နိုင်ရန်အတွက် ကြက်ခြေနီလခြမ်းနီလှုပ်ရှားမှု မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ နည်းပညာအကူအညီများနှင့်လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် လူငယ်ခေါင်းဆောင်မှုသင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ(၁၂)ရက်နေ့နံနက်ပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။