သတင်းများ

သုံးခွမြို့နယ်တွင် အဟာရဖြည့်စွက်စာအမျိုးမျိုး၊ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်
Dec 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် အဟာရဖြည့်စွက်စာအမျိုးမျိုး၊ အသင့်သောက် အချိုရည်အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုးတို့အား ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က သုံးခွမြို့မ‌ဈေးကြီးအတွင်းရှိ‌ ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်တက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် (အမျိုးသား၊ အမျိုးသမီး )ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 14,2023
ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများနှင့်(အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ၎င်းတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပရာ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနများမှ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်သည်။
မိုးညိုမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုဆောင်ရွက်ပေး
Dec 14,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုပေးခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က မူလွန်(ပေါက်ကုန်း)ကျောင်း၌ ပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် သံဃာ့ဆေးရုံနှစ်ထပ်ဆောင်သစ် ဆောက်လုပ်နိုင်ရန် ရတနာအုတ်မြစ်စီမင်္ဂလာ ကျင်းပ
Dec 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ဆရာတော်ကြီးများ ဦးဆောင်မှုဖြင့် သံဃာ့ဆေးရုံနှစ်ထပ်ဆောင်သစ် ဆောက်လုပ်နိုင်ရန်အတွက် ရတနာအုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။
တန့်ယန်းမြို့နယ်တွင် သံဃာ့ဆေးရုံနှစ်ထပ်ဆောင်သစ် ဆောက်လုပ်နိုင်ရန် ရတနာအုတ်မြစ်စီမင်္ဂလာ ကျင်းပ
Dec 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ဆရာတော်ကြီးများ ဦးဆောင်မှုဖြင့် သံဃာ့ဆေးရုံနှစ်ထပ်ဆောင်သစ် ဆောက်လုပ်နိုင်ရန်အတွက် ရတနာအုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။
မိုင်းနောင်မြို့တွင် Sunday Dhamma School ယဥ်ကျေးလိမ္မာ (မြန်မာ၊ ရှမ်း) နှစ်ဘာသာ သင်တန်းဆင်းပွဲနှင့်ဆုပေးပွဲကျင်းပ
Dec 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ တိုင်းရင်းသားလူငယ် ဗုဒ္ဓဘာသာဝင်များ၏ Sunday Dhamma School ယဥ်ကျေးလိမ္မာ (မြန်မာ၊ရှမ်း)နှစ်ဘာသာသင်တန်းဆင်းပွဲကို ယမန်နေ့ ၊ မွန်းလွှဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 14,2023
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီမှ ကြီးမှူးကျင်းပသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့်တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
ကလိန်အောင်မြို့တွင် စာဖတ်ဝိုင်းကျင်းပ
Dec 14,2023
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာ‌ပေချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့်လူငယ် (Youth Club) အသင်းတို့ပူးပေါင်း၍ စာရေးဆရာ"အောင်သစ်"ရေးသားထားသည့် "အနာဂတ်လူငယ်နှင့်အခွင့်အလမ်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁ဝ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။