သတင်းများ

ရွှေတောင်မြို့နယ် လူငယ်ရေးရာကော်မတီပါ ဌာနဆိုင်ရာများပူးပေါင်း၍ အ.မ.က(သဲတန်း) ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Dec 14,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက်၊ အ.မ.က(သဲတန်း)ကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက လူငယ်ရေးရာကော်မတီပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်အတွင်း မိုးစပါး၊ နွေစပါးနှင့် အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးနှင့် စိုက်ပျိုးစွမ်းအင်တိုးတက်မြှင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 14,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်အတွင်း မိုးစပါး၊ နွေစပါးနှင့်အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးနှင့် စိုက်ပျိုးစွမ်းအင်တိုးတက်မြှင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
တန့်ယန်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ ကျင်းပ
Dec 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ပခုက္ကူမြို့၌ သတင်းတု/သတင်းမှားခွဲခြားသိရှိရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 14,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ သတင်းတု/သတင်းမှား ခွဲခြားသိရှိရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၁၄ရက် နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်သည်။
နောင်တရားမြို့၌ စကအာလူး စတင်တူးဖော်
Dec 14,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့အနီး ပတ်ဝန်းကျင်ကျေးရွာများ၌ ဩဂုတ်လနှင့် စက်တင်ဘာလတွင် စိုက်ပျိုးသည့် စကအာလူးများ စတင်တူးဖော်လျက်ရှိကြောင်း သိရသည်။
(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်
Dec 14,2023
(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကွန်တိန်နာစည်ပင်ဝန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်
Dec 14,2023
ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ ဒေါက်တာအောင်ကြီး ရေးသားသည့် သီချင်းလူ ပုံပြင်လူ ငြိမ်းချမ်းလူ စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Dec 14,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြွန်တန်ဆာမြို့၊ အမှတ်(၂)အ‌ခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။