သတင်းများ

ပျော်ဘွယ်မြို့နယ်၊ အ.လ.က(ဇောင်ချမ်းတောင်)တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပ
Dec 14,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ဇောင်ချမ်းတောင်)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၁၈.၈)သန်းဖြင့် အမှတ်(၂)ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသားကျောင်းသူများ ရာသီမရွေးဝင်ထွက်သွားလာမှု အဆင်ပြေစေရေး အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအား ယနေ့နံနက် ၁၀ နာရီခန့်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရူ့စစ်ဆေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Dec 14,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး)၌ ကျင်းပသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ (၇၆)နှစ်မြောက် လွပ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရိလမ်းသစ်ဖွင့်ပွဲနှင့် သောက်သုံးရေစတင်ပေးဝေခြင်းအခမ်းအနားကျင်းပ
Dec 14,2023
(၇၆)နှစ်မြောက်လွပ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းတံတား)နှင့် အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)တို့က ဆောင်ရွက်ခဲ့ကြသော ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၂၇)ရပ်ကွက်နေ ပြည်သူများလမ်းပန်းဆက်သွယ်‌ရေးနှင့် သောက်သုံးရေလုံလောက်စွာရရှိစေရေးတို့အတွက် ဘုရင့်နောင်လမ်း(အမှတ်-၂ လမ်းမှ ဆရာစံလမ်းထိ) ကွန်ကရိလမ်းသစ်ဖွင့်ပွဲနှင့် သောက်သုံးရေစတင်ပေးဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ဘုရင့်နောင်လမ်း၊ မီးရထားခုံးကျော်တံတားအနီးမုခ်ဦးမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဒေးဒရဲမြို့နယ်၌ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရေး လူငယ်ရေးရာ  ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသ
Dec 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရန်နှင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက တော်လှကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆွပ္မရာ(ဆွမ်ပရာ)မြို့၊ နှစ်ခြင်းအသင်းတော် ၇၅ နှစ်မြောက်၊ စိန်ရတု နှစ်ပတ်လည်နေ့အခမ်းအနား တက်ရောက်
Dec 14,2023
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နံနက်ပိုင်းတွင် ဆွပ္မရာမြို့၊ ပြည်သူ့ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် ၇၅ နှစ်မြောက် ဆွပ္မရာ(ဆွမ်ပရာ)နှစ်ခြင်း အသင်းတော် စိန်ရတုနေ့ အခမ်းအနားသို့ တက်ရောက်ကြရာ ရှေးဦးစွာ နှစ်ခြင်းအသင်းတော် သိက္ခာရဆရာတော်မှ ဆွပ္မရာနှစ်ခြင်းအသင်းတော် ဖြစ်ပုံလာပုံအကြောင်းအား ရှင်းလင်းပြောကြားသည်။
ရမည်းသင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သဘာဝအန္တရာယ်ဆိုင်ရာများ ပညာပေးဟောပြောပွဲကျင်းပ
Dec 14,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဘေးစီမံဆိုင်ရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ ရမည်းသင်းမြို့ သိမ်ကုန်းအခြေခံပညာ အထက်တန်း ကျောင်း၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ ပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ
Dec 14,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို ယနေ့နံနက် ၁၀ နာရီက အ.မ.က.(မူလွန်) အောင်သုခကျောင်း၌ ပြုလုပ်ခဲ့သည်။