မင်္ဂလာဒုံ ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကျိုက်ကလို့သာသနာ့ဗိမ္မာန်တော်ကြီး၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှကြီးမှူးကျင်းပသော အီလက်ထရောနစ်မဲပေးစက်(MEVM) စက်အသုံးပြုနည်းနှင့်စပ်လျဥ်း၍ လက်တွေ့ရှင်းလင်းသရုပ်ပြခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်တင်က အီလက်ထရောနစ်မဲပေးစက်(MEVM) စက်အသုံးပြုခြင်းနှင့်ပတ်သတ်သည့်အချက်အလက်များကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသည့်ပြည်သူများမှ MEVM စက်ကိုအသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဒေါ်စိမ်းလဲ့စောလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုစုပေါင်းအင်အား ၂၀၀ ခန့်တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ နှစ်ရက်ကြာကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဌေးလင်း(မင်္ဂလာဒုံ)