သတင်းများ

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Dec 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နေ့လည်(၁၂:၁၅)နာရီက ပုံပြင်ပြောပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ
Dec 14,2023
ကျောင်းသား လူငယ်မောင်မယ်များ လွတ်လပ်ရေး၏တန်ဖိုး၊ လွတ်လပ်ရေး၏အနှစ်သာရကို သိရှိခံစားပြီး မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းအားသိရှိစေရန်၊ မိမိနိုင်ငံ၊ မိမိလူမျိုးအား အစဉ်ကာကွယ်စောင့်ရှောက်ရန်နှင့် လွတ်လပ်ရေးကြီးအဓွန့်ရှည်တည်တံ့ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီတွင် လူထုအခြေပြုဗဟိုဌာန၊ သင်တန်းခန်းမ၌ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က-ခွဲ (၂၅)တို့ ပူးပေါင်းပြီးကျင်းပခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့၌ (၃၄)ကြိမ်မြောက် စိုက်ပျိုးရေးသိပ္ပံမောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ
Dec 14,2023
စိုက်ပျိုး​ရေးသိပ္ပံ၊ သာယာဝတီမြို့၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၃၄)ကြိမ်မြောက်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက သာယာဝတီမြို့ စိုက်ပျိုးရေးသိပ္ပံ ဆရာစံခန်းမ၌ ကျင်းပခဲ့​ကြောင်း သိရသည်။
မိုင်းတုံမြို့ရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းနှင့် စာအုပ်၊ စာ‌စောင်ပြပွဲပြုလုပ်
Dec 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် စာရေးဆရာ‌ ဒေါက်တာ ခင်မောင်ညို၏ "လူငယ်နှင့် အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း" စာအုပ်ကို ယနေ့နံနက် ၁၀ နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ အများပြည်သူပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ “မြို့သန့်ရှင်းသာယာလှပရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး” ခေါင်းစဥ်နှင့်အညီ ပြည်သူလူထုပူးပေါင်းပါဝင်သည့် အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉) နာရီက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာ နေရာများတွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Dec 14,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်ကျောင်းပေါင်းစုံစာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မုဒုံမြို့တွင် အဆုတ်နှင့်ရင်ခေါင်း(တီဘီရောဂါ)ဆိုင်ရာများ အခမဲ့ စမ်းသပ်စစ်ဆေး
Dec 14,2023
မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန(IOM) နယ်လှည့် ကွင်းဆင်းကျန်းမာရေးစစ်ဆေးရေးအဖွဲ့နှင့် မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော နယ်လှည့်ဒစ်ဂျစ်တယ်ဓာတ်မှန်စက်ဖြင့် အဆုတ်နှင့် ရင်ခေါင်း‌(တီဘီရောဂါ)ဆိုင်ရာများ အခမဲ့စမ်းသပ်စစ်ဆေးကုသခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ကွမ်တာရွာဟောင်းကျေးရွာရှိ မဟာရင်ကျောင်း၌ ဆောင်ရွက်ပေးသည်။
ရသေ့တောင်မြို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ(၂)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်
Dec 14,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရ‌သေ့တောင်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ(၂)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က မိခင်နှင့်ကလေးကျန်းမာရေးဌာနက ထိုးနှံ တိုက်ကျွေးပေးလျက်ရှိသည်။