သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီက ပင်လုံလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ငန်းတေးကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 14,2023
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်းကျင်းပသော ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ငန်းတေးကျောင်း၌ ကျင်းပပြုလုပ်သည်။
ခန္တီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်
Dec 14,2023
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ မူလတန်းကျောင်း(သာစည်)တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
သန်လျင်မြို့၌ တိုင်းရင်းဆေးပညာအသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးကုဌာနမှ ပြည်သူများအား အခမဲ့ကွင်းဆင်းကုသ
Dec 14,2023
(၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် တောင်ပိုင်းခရိုင်မှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းဆွေဦးဆောင်၍ မြို့နယ်တိုင်းရင်းဆေးကုဌာနများနှင့် ပူးပေါင်းပြီး သန်လျင်မြို့နယ်၊ ဘုရားကုန်းရပ်ကွက်၊ သဘာဝတရားရိပ်သာသို့ ယမန်နေ့နံနက် (၉) နာရီအချိန်က တိုင်းရင်းဆေးပညာဖြင့် ကျန်းမားရေးအသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်းများ ပြုလုပ်ခဲ့သည်။
တောင်ကြီးမြို့ (ပင်းပက်) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်း ကျင်းပ
Dec 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ (ပင်းပက်)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က (ပင်းပက်)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Dec 14,2023
ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများသည် နိုင်ငံ၏တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်နှင့်အညီ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် GENIUS ကိုယ်ပိုင်အထက်တန်းကျောင်း(တာမွေ)တို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အဆိုပါ GENIUS ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ဒုတိယအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ
Dec 14,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးရှိ သွေးလှူဘဏ်ခန်းမ၌ ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီက ဒုတိယအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပခဲ့သည်။
လပွတ္တာမြို့နယ်တွင် ​မြို့နယ်တိုင်းရင်းဆေးမှ ကွင်းဆင်းဆေးကုသပေး
Dec 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှ လပွတ္တာမြို့နယ် ကျောက်မှော်ကျေးရွာအုပ်စု ကျောက်မှော်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအတွင်း၌ ယနေ့နံနက်ပိုင်က ကွင်းဆင်းဆေးကုသပေးကြောင်း သိရသည်။