မုံရွာမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းနှင့် စာအုပ်၊ စာစောင် နံရံကပ်စာစောင်ပြပွဲကျင်းပ

မုံရွာ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေများ ပိုမိုလေ့လာဖတ်ရှုစေရန်အတွက် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မုံရွာမြို့ သလ္လာရပ်ကွက် အမှတ်()အခြေခံပညာ အထက်တန်းကျောင်း နဝရတ်အ‌ဆောင် ခန်းမတွင် လူငယ်စကားဝိုင်းနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူးကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်းဦးက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ခြင်းအားဖြင့် စာဖတ်စွမ်းရည်များ၊ စာပေရေးသားမှုစွမ်းရည်များ၊ အပြောစွမ်းရည်များ၊ နားထောင်မှုစွမ်းရည်များ မြင့်မားလာကာ တီထွင်မှုစွမ်းရည်များ ပိုမိုရရှိစေကြောင်း အမှာစကားပြောကြားခဲ့ပြီးနောက် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုဝင်းက  အနာဂတ်မျိုးဆက်သစ်ကျောင်းသား လူငယ်များ ဘက်ပေါင်းစုံ ထူးချွန်ထက်မြက်စေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ စာပေဗဟုသုတများရရှိပြီး ပူးပေါင်းပါဝင်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဦးဆောင်ပြီးလူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ရာ အမှတ်() အခြေခံပညာအထက်တန်းကျောင်း Grade-9 ကျောင်းသားကျောင်းသူများဖြစ်သော မမေသင်္ကြန်ဦးက  “လူငယ်နှင့်မူးယစ်ဆေးဝါး မမေသစ်ဦးကလူငယ်နှင့်လူမှုရေးမီဒီယာ မရွှေနန်းထိုက်က  “လူငယ်နှင့်စာပေ မောင်သူရိန်အောင်က လူငယ်နှင့်အားကစား မစုကြည်အောင်က လူငယ်နှင့်စာရိတ္တစသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ခရိုင်ပညာရေးမှူးကိုယ်စား လက်ထောက်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိတို့က ဦးဆောင်ဆွေးနွေးခဲ့ကြသည့် လူငယ်မောင်မယ်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီးနောက် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)