သတင်းများ

ထားဝယ်မြို့တွင် ဧကရာဇ်/ပေါ်ဆန်းယဉ်စပါးမျိုးရိတ်သိမ်း
Dec 14,2023
တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မိုးစပါးစိုက်ပျိုးရေး (မြစိမ်းရောင်)စီမံကိန်းအားသမဝါယမကဏ္ဍမှ ပံ့ပိုးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဘုမ္မော်ရပ်ကွက်၊ ရွှေဂျိုးဖြူ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမသင်းမှ အသင်းသားတောင်သူ ဦးဝင်းနိုင်၏ ကျောက်မော်ကွင်းအမှတ်ရှိ ဧကရာဇ်/ပေါ်ဆန်းယဉ်စပါးမျိုး ရိတ်သိမ်းနေမှုအား ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၃)သို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်
Dec 14,2023
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွှဲ ၁ နာရီခွဲက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။
ချောင်းဆုံမြို့နယ် နှီးမုတ်(အ.လ.က)ကျောင်းတွင် ဘက်စုံထူးချွန်သည့် လူငယ်များပေါ်ထွန်းလာစေရေး “လူငယ်စကားဝိုင်း” ကျင်းပ
Dec 14,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်၍ ဗလငါးတန်နှင့်ပြည့်စုံလာစေရေးနှင့် အသိပညာတိုးပွားလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက်(၁၀)နာရီက နှီးမုတ် (အ.လ.က) ကျောင်းခန်းမ၌ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။
ပုံပါကျင်မြို့ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Dec 14,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ၀န်ထမ်းများသည် စာဖတ်ဝိုင်းမှတစ်ဆင့် ဘ၀အထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ်ကောင်းများ ရရှိရန်ရည်ရွယ်၍ ဒေါက်တာမတင်၀င်းရေးသားသည့် ''ပျော်ရွှင်အောင်မြင်လုပ်ငန်းခွင်မှာ'' စာအုပ်ကို ယနေ့နံနက် (၁၀) နာရီက ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်သည်။
ဗန်းမော်မြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Dec 14,2023
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သယံဇာတနှင့်သဘာဝပတ်ထိန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းများ (Clean and Green Schools) အကောင်အထည်ဖော်ဆောင်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကို ယနေ့နံနက် ၉ နာရီက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်တံခွန်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ် ဖရဲ‌ကျေးရွာ အခြေခံပညာအလယ်တန်း‌‌ကျောင်း(ခွဲ)၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 14,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍  ကလေးအလုပ်သမားပပျောက်ရေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ဖရဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ်(၃/၂၀၂၃)နှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့  အမှတ်စဉ် (၄/ ၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Dec 14,2023
မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃)နှင့် မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အမှတ်စဉ်(၄/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဝင်များ တက်ရောက်သည်။
သံဖြူဇရပ်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်း ပြုလုပ်
Dec 14,2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များဖြစ်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီ က အ.လ.က(ခွဲ)စက်သစ်ကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။