တပ်ကုန်းမြို့၌ နေအိမ်မှ အပြင်ထွက်ခွာသွားလာသူများအား ပြင်ပထွက်ခွာသွားလာခွင့်ထောက်ခံစာဖြင့် သွားလာရေး အသိပေး၊သတိပေးဆောင်ရွက်

တပ်ကုန်း       ဩဂုတ်     ၂၇

နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ် နိုင်ရေး Stay at Home ကာလအတွင်း နေအိမ်အပြင်ထွက်ခွာသွားလာသူများအား ပြင်ပထွက်ခွာ သွားလာခွင့်ထောက်ခံစာဖြင့် သွားလာရေးအသိပေး၊သတိပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈နာရီခွဲက မြို့တွင်းရန်ကုန်-မန္တလေးကားလမ်း၊ မီးပွိုင့်လမ်းဆုံနှင့် မြို့မဈေးအနီး၊ ဗိုလ်ချုပ် လမ်းဆုံတို့တွင် ဆောင်ရွက်သည်။

 ထိုသို့ အသိပေး၊သတိပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုး နှင့်အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့်  မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ယာယီရဲမှူးတင်အောင်မိုးနှင့် ရဲတပ်ဖွဲ့ဝင် များ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဘုရင့်နောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဗိုလ်မင်းရောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်မှ အပြင်ထွက်ခွာလာသည့် စက်ဘီး၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့် ကားများ စီးနင်းလာသော ပြည်သူများနှင့် ခြေလျင်လျှောက်လာသောပြည်သူများကို   နေအိမ်ပြင်ပထွက်ခွာ သွားလာရေး ထောက်ခံစာ ပါ/မပါ စစ်ဆေးခဲ့ပြီး၊ မပါရှိပါက မိမိနေထိုင်သော ရပ်ကွက်/ ကျေးရွာများမှ တာဝန်ရှိသူများထံမှ သွားရောက်ဆောင်ရွက်ကြရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ရေးကိုလည်း ရှင်းလင်းပြောကြားပေးခဲ့သည်။

 တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေး Stay at Home ကာလအတွင်း Check Point (၈)နေရာနှင့် လှည့်လည်စစ်ဆေးရေးအဖွဲ့(၁)ဖွဲ့ဖြင့် စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်