မိုင်းဖြတ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်

မိုင်းဖြတ် သြဂုတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  မြို့နယ် Coronavirus Disease 2019(COVID)-19)ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) ပထမအသုတ် (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံ​ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို   သြဂုတ်လ ၂၇ ရက် နံနက်၁၀နာရီအချိန်ခန့်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ် Coronavirus Disease 2019(COVID)-19) ကာကယ် ၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင်က ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်း များတွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်လာရေး၊ ကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံပြီးသူများ  လာရောက်ထိုးနှံရေးအတွက် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ က အသိပေးနှိုးဆော်နိုင်ရေး၊ ကာကွယ်ဆေးထိုးစုရပ်နေရာများ သက်မှတ်ထားရှိမှုနှင့် ဆောင်ရွက်သွားရမည့် လုပ်ငန်းအဆင့်ဆင့် များကို ရှင်းလင်းပြောကြားခဲ့သည်။  

မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသည့် သူများမပါ၊  ၂၀၂၁ခုနှစ် ဇူလိုင်လ ၃၁ရက်နေ့တွင် (ပထမအကြိမ်) ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm) ထိုးနှံပြီးသူများ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ အသက်(၁၈)နှစ်အထက် ပြည်သူများ၊ အစိုးရ၊ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ/ ပရဟိတလုပ်ငန်းဆောင်ရွက်နေသူများ၊ သာသနာပြုပုဂ္ဂိုလ်များ၊ နိုင်ငံဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်း ခိုခန်းပိုင်ရှင်များ၊ အချုပ်သားများ၊ စျေးရောင်းသူ စုစုပေါင်း (၆၀၈)ဦးကို ထိုးနှံပေးသွားမည်ဖြစ်သည်။

ကားကွယ်ဆေးထိုးစုရပ်နေရာများများအဖြစ် အထက (မိုင်းဖြတ်)၊ ပါဆန်းကျေးလက်ကျန်းမာရေးဌာန၊ လန်းဆတ်ကျေးလက် ကျန်းမာရေးဌာနခွဲ၊ ဆိုက်ခေါင်ကျန်းမာရေးဌာန(ခွဲ)၊ နမ့်ပန်ကျေးလက် ကျန်းမာရေးဌာနတို့တွင် သြဂုတ်လ ၂၈ရက်နေ့ နံနက် ၈နာရီမှစ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး