ကွမ်းလုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေး

ကွမ်းလုံ   ဩဂုတ်    ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင် ၊ ကွမ်းလုံမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့က မြို့နယ် နယ်မြေခံတပ်များ အား အိမ်ထောင်စုလူဦးရေစာရင်း ၂၄စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၈၅ကတ် ပြုလုပ်ပေးခဲ့ကြသည်။

ကွမ်းလုံမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများ၊ နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူများ၊ ပျောက်ဆုံးနေသူများအား ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ယနေ့ထိ နယ်မြေခံတပ်ရင်းများနှင့် ရပ်ကွက်၊ ကျေးရွာများရှိ အိမ်ထောင်စုပေါင်း ၂၁၀စု၊ နိုင်ငံသားစိစစ်ရေးကတ် အသစ်ပြုလုပ်သူ ၇၄၇  ဦး၊ အပျောက် လျှောက်ထားသူ ၆၄  ဦးတို့အား ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်း၊ သင့်လျော်သော ကတ်များပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်နေသည်ဖြစ်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီး ဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။

ဖြိုးမမ(ကွမ်းလုံ)