သတင်းများ

မကွေးမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်- ၁၉ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းကို ရွှေ့လျား Mobile ယာဉ်ဖြင့် ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်
Aug 27,2021
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ ပြန်ရေးကော်မတီက ကိုဗစ်- ၁၉ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းကို ရွှေ့လျားMobile ယာဉ်ဖြင့် ယနေ့ နံနက် (၉)နာရီအချိန်က မကွေးမြို့နယ် သပြေစမ်းကျေးရွာရှိ ဒေသခံပြည်သူများအား ကျေးရွာအရောက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့ ကျောက်ဆောင်ဆိပ် ချင်းတွင်းမြစ်အတွင်းသို့ ဒုတိယအကြိမ် ငါးမျိုးများ စိုက်ထည့်ပွဲကျင်းပ
Aug 27,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မုံရွာခရိုင်ငါး လုပ်ငန်းဦးစီးဌာန မှ ဦးဆောင်ပြီး ဒေသတွင်းစားနှပ်ရိက္ခာဖူလုံစေရန်အတွက် ရည်ရွယ်ပြီး မုံရွာမြို့ ကျောက်ဆောင်ဆိပ် ချင်းတွင်းမြစ်အတွင်းသို့ ဒုတိယအကြိမ် ငါးမျိုးများ စိုက်ထည့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီခွဲ က ကျင်းပပြုလုပ်ခဲ့သည်။
ရမည်းသင်းမြို့ ဝါတိုးရပ်ကွက်ရှိ သီလဝ(၁)ရပ်၌ အခြေခံအိမ်ထောင်စု(၅၇)ဆန်၊ ဆီ၊ဆား စသည်တို့ ထောင်ပံ့လှူဒါန်း
Aug 27,2021
မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းမြို့နယ် ဝါတိုးရပ်ကွက်ရှိသီလ(၁)ရပ်၌ ယနေ့ နံနက် ၈ နာရီက ဝါတိုးရပ်ကွက်ရှိ သီလဝ(၁) ရပ်ဦးကျော်မိုး~ဒေါ်ယုယု နေအိမ်ရှေ့၌ရပ်ကွက်နေ အခြေခံအိမ်ထောင်စု(၅၇)စုကို ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဟင်းချိုမှုန့်နှင့် ဒံပေါက်တစ်ထုတ်စီကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ ပြည်သူများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Aug 27,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းမှ အသက် ၆၅ နှစ်အထက် ရှိသူများအပြင် ရပ်ကွက်များမှ ပြည်သူလူထုများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီမှ စတင်ကာ ဆေးထိုးရန် သတ်မှတ်ထားသည့် စုရပ်၅ခု၌ ဆောင်ရွက်လျက် ရှိသည်။
ပေါက်ခေါင်းမြို့နယ်တွင် ဝန်ထမ်းများနှင့်အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Aug 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်‌ခေါင်းမြို့နယ်တွင် ဝန်ထမ်းများနှင့် အသက်(၆၅)နှစ်အထက် သက်ကြီး ရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်မှ စတင်၍ အမှတ် (၃)ရပ်ကွက်ရှိ လေးမျက်နှာဇာတ်ရုံ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာ၌ အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ သတ္တမအကြိမ်မြောက် ထုတ်ချေးပေး
Aug 27,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာပြည်သူများ တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ပြီး ဝင်ငွေတိုးပွားစေရန်၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အရင်းမပျောက်လည်ပတ်မတည် ရန်ပုံငွေဖြစ်သည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများကို ယနေ့နံနက် (၁၀)နာရီက ရန်ပုံနှစ်ကျေးရွာ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ သတ္တမအကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များ ၊ ပြည်သူများအား ကိုဗစ်−၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 27,2021
လပွတ္တာခရိုင် ၊ မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု့ဖြင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူပြည်သူများအား ဒုတိယ အကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းအား ယနေ့ နံနက် ၉ နာရီအချိန်က စတင်ပြီး မြို့နယ်အားကစားခန်းမသစ်တွင် ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရပ်စောက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Aug 27,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဇော်ဂျီရပ်ကွက်ရှိ ရဿဝတီခန်းမ၌ ယနေ့ နံနက် ၁၀နာရီမှစတင်၍ ထိုးနှံပေးလျက်ရှိသည်။