ကျောက်မြောင်း ၊ ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ကျောက်မြောင်းမြို့ အမှတ်(၄) ရပ်ကွက် ရတနာသိင်္ခ တံတား ရှင်းလင်းဆောင် အနီးတွင် ယနေ့နံနက်(၉း၃၀)အချိန်က ရွှေဘိုခရိုင် ငါးလုပ်ငန်းဦး စီးဌာနမှ ကြီးမှူး၍ ဧရာဝတီမြစ်အတွင်းသို့ ငါးမြစ်ချင်းကောင်ရေ(၄)သိန်း ၊ ထိုင်းငါးခုံးမ(၂) သိန်း ၊ ရွှေဝါငါးကြင်းပေါက်(၅)သောင်း စုစုပေါင်း ငါးသား ပေါက်ကောင်ရေ (၆ သိန်း ၅ သောင်း) တို့ဖြင့် ငါးမျိူးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးမျိုးဦး ၊ ရွှေဘိုတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင် ၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ၊ ခရိုင်/မြို့နယ်/မြို့ ဌာနဆိုင်ရာ အကြီး အကဲနှင့်ဝန်ထမ်းများ ရွှေဘိုခရိုင်ငါးလုပ်ငန်း ဦးစီး ဌာနမှ ဝန်ထမ်းများ ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း အင်အား(၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး (၁၀:၀၀) နာရီတွင်ပြီးမြောက်ခဲ့ကြောင်း သိရှိ ရသည်။
သီဟာနု(ပြန်/ဆက်)