ပြည်ကြီးတံခွန်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက် ပေးနိုင်ရေး တိုက်တွန်း နှိုးဆော်သည့် ဆိုင်းဘုတ်စိုက်ထူ

 

ပြည်ကြီးတံခွန် ဩဂုတ် ၂၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ကြီးတံခွန်မြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးမှူးရုံး မှ ‘’ပန်းခင်းစီမံချက်’’ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းနှိုးဆော်သည့် ‘’လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့’’ ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက် ၉ နာရီ မိနစ် ၃၀ က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့ နယ်၊၆၂လမ်းနှင့် မြဝတီမင်းကြီးလမ်းထောင့်တွင် စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ပြည်ကြီးတံခွန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးမှ ဒု-လဝကမှူး ဦးသိန်းစိုးဦး နှင့်တာဝန်ရှိသူများက ‘’လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့’’ ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြသည်။

အဆိုပါ ဆိုင်းဘုတ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်းကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး မြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဦးစီးမှူးရုံးများ မှ ‘’ပန်းခင်းစီမံချက်’’ ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါ သည်။‘’ ပြည်သူများမှ ကုန်ကျစရိတ်ကျခံရန်မလိုဘဲ’’ မြို့နယ်ရုံးများနှင့် အုပ်ချုပ်ရေးမှူးရုံးများ၌ ကြိုတင်အသိပေးထား သည့် ယူဆောင်လာရမည့် အထောက်အထားများအား ယူဆောင်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများနှင့်ဆက်သွယ်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

 သန်းဇော်မင်း