သတင်းများ

လင်းခေးမြို့တွင် ပန်းခင်းစီမံချက်ကြော်ငြာပိုစတာစုပေါင်းစိုက်ထူ
Aug 27,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ထုတ်ပေး‌နေခြင်းအား မြို့နယ်အတွင်းရှိ အများပြည်သူတို့သိရှိနိုင်ရန်အတွက် ကြော်ငြာပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် ၈နာရီက လင်းခေးမြို့(လင်းခေး-ဝမ်ဟတ်သွားလမ်း)နံဘေးတွင် စိုက်ထူရာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ခေတ္တခရိုင်မှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းတင်မိုးဆွေ၊ မြို့နယ်ဦးစီးဌာနမှူး ဦးထွန်းလှကျော်နှင့် ခရိုင်/မြို့နယ် လဝကဝန်ထမ်းများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများတက်ရောက် စုပေါင်းစိုက်ထူခဲ့ကြသည်။
ကြံခင်းမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယ)အကြိမ်စတင်ထိုးနှံပေး
Aug 27,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးအဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယ) အကြိမ် ထိုးနှံ ပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က စတင်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
ဆီဆိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် (၅)ရက်တစ်ဈေး ရောင်းချခြင်းအားယာယီ ဆက်လက်ပိတ်ထားမည်
Aug 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ကြိုတင်ကာ ကွယ်နိုင်ရေးအတွက် ဆီဆိုင်မြို့နယ်အတွင်းရှိ ဆီဆိုင်၊ ဆိုက်ခေါင်၊ ဘန်းယဉ်၊ နောင်မွန် ဈေးများအား ဩဂုတ် ၂၇ ရက်မှစ၍ (၅)ရက်တစ်ဈေး ရောင်းချခြင်းကို ယာယီဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
ရပ်စောက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 27,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဇော်ဂျီရပ်ကွက်ရှိ ရဿဝတီခန်းမ၌ ယနေ့နံနက် ၁၀နာရီမှ စတင်၍ ထိုးနှံပေးလျက်ရှိသည်။
ဇလွန်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Aug 27,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်အ.ထ.က(၁)ဇလွန် ၊ အ.ထ.က(၂)ဇလွန် ၊အ.မ.က(ကမ်းနား) ၊ အ.မ.က(တတောင်ကွေ့) ၊ တို့၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်မှစတင်၍ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။
မိတ္ထီလာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးမည်
Aug 27,2021
မိတ္ထီလာမြို့တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထိုးနှံပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ များအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဩဂုတ်လ ၂၉ ရက်နေ့တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။
မိုင်းငေါ့မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ခြင်းအတွက် Call Center ဖွင့်လှစ်
Aug 27,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား များနှင့် ဥပဒေအရ နိင်ငံသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိသည်။
ဖျာပုံမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
Aug 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ၊ မြို့နယ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကာအ သက်(၆၅)နှစ်နှင့် အထက်အဘိုးအဘွားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့ နံနက် (၉)နာရီမှစတင်၍ဖျာပုံမြို့ အ.ထ.က(၂)ကျောင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိကြသည်။