မုဒုံမြို့၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး

မုဒုံ      သြဂုတ်           ၂၇

မွန်ပြည်နယ်မော်လမြိုင်ခရိုင်မုဒုံမြို့နယ်မြို့မ(၄)ရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်၌ယနေ့နံနက်၉နာရီက အသက်(၆၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ကိုဆက်လက်ထိုးနှံပေးလျက်ရှိသည်။

မုဒုံမြို့နယ်သာသနာ့ဗိမ္မာန်ဆေးထိုးစုရပ်တွင် မြို့မ(၁)ရပ်ကွက်၊ မြို့မ(၂)ရပ်ကွက်၊ မြို့မ (၃)ရပ်ကွက် နှင့်မြို့မ(၄)ရပ်ကွက်တို့မှ ဇူလိုင်၃၀ရက်နေ့ကပထမအကြိမ်ထိုးနှံခဲ့ကြသည့် အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများနှင့်နိုင်ငံ့ဝန်ထမ်းများ၁၂၀ဦးကိုဒုတိယအကြိမ်

ထိုးနှံ ပေးခြင်းဖြစ်သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမှုကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့် အဖွဲ့ဝင်များတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများ တို့က ပူးပေါင်း ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)