ကျောက်ဖြူ သြဂုတ် ၂၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ယနေ့ နံနက် ၈ နာရီက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မြို့အဝင်၊အထွက်နေရာများ၌ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ဝင်များပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က လူသွားလူလာ များသည့် မြို့အဝင်အထွက်နေရာများဖြစ်သော ကျောက်တစ်လုံးစစ်ဆေးရေးဂိတ်နှင့် ငလပွေ့ဆိပ် ကမ်းစစ်ဆေးရေးဂိတ်များသို့ သွားရောက်၍ လမ်းသွားလမ်းလာပြည်သူများ၊ အငှားယာဉ်မောင်းနှင် သူများနှင့် ရေလမ်းခရီးဖြင့်လိုက်ပါကြမည့် ခရီးသည်များ၊ ဆိပ်ကမ်းများတွင် ကုန်တင်ကုန်ချပြုလုပ် နေသူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်ပြီး သွားလာစေခြင်းနှင့် မလိုအပ်ဘဲ နေအိမ်အပြင်သို့ သွားလာခြင်းမှ ရှောင်ရှားစေခြင်း စသည့်အသိ ပညာပေးများပြောကြားပြီး နှာခေါင်းစည်း Mask အခု ၂၀၀၀ ကျော်အား အခမဲ့ဝေငှပေးခဲ့ကြသည်။
ယင်းနောက် အဆိုပါပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များသို့သွားရောက်၍ အသံချဲ့စက်ဖြင့် လှည့်လည်ကာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ အား အသိပေးနှိုးဆော်ခဲ့သည်။
ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့အဝင်၊ အထွက်ဂိတ်နေ ရာများဖြစ်သည့် ကျောက်တစ်လုံးစစ်ဆေးရေးဂိတ်၊ လေဆိပ်စစ်ဆေးရေး ဂိတ်နှင့် ငလပွေ့စစ်ဆေးရေးဂိတ် စသည့်ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို နေရာ(၃) နေရာခွဲ၍ ဖွင့်လှစ်ထားရှိကာ ခရီးသွားပြည်သူများအား ကျန်းမာရေးစစ် ဆေးခြင်းနှင့် ခရီးသွားရာဇဝင် မေးမြန်းကာ ခရီးသွားမှတ်တမ်းရယူခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ရေးလုပ် ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း