ဆိပ်ဖြူ ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကျေးရွာများအရောက် Mask Campaign ရက်သတ္တပတ်လုပ်ရှာမှု အသိပညာပေးလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းကို မြို့နယ် ကိုဗစ် (၁၉) ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ ၊မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ နှင့် သက်ဆိုင်ရာဌာန ဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် Mask ဗူးများအား ကျေးလက်နေပြည်သူများထံဖြန့်ဝေပေးပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)ရောဂါ ကူးဆက်ပြန့်ပွားမရှိစေရေး လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းများ ၊ ကိုဗစ်(၁၉)ရောဂါ လက္ခဏာ များအကြောင်းသိကောင်းစရာနှင့် ကိုဗစ်(၁၉)ရောဂါ လက္ခဏာများ ခံစားရပါက စနစ်တကျဆေးဝါး ကုသမှုခံယူနိုင်ရေး အသိပညာများကို ကွင်းဆင်း အသိပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
စိုးလင်းနိုင်