ရွှေကျင်မြို့နယ်တွင် ရွှေကျင်ချောင်းသဘာဝရေပြင်အတွင်းနှင့်ပကွီးသု‌‌တေသနအင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ရွှေကျင် ဩဂုတ် ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရွှေကျင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ရေရှည်စဉ်ဆက္မပြတ် ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးရိက္ခာဖူလုံစေရန်နှင့် ငါးသယံဇာတများ တိုးပွားလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်း‌ဒေသကြီး၊ ရွှေကျင်မြို့နယ် ရွှေကျင်ချောင်း သဘာဝရေပြင်အတွင်းနှင့်ပကွီးသု‌‌တေသနအင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဩဂုတ်၂၇ ရက်နေ့နံနက် ၉နာရီအချိန်မှစ၍ ကျင်းပခဲ့သည်။

 အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်း‌ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးစိုးမင်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးအေးချမ်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်မြင့်ဦး၊ မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းထွန်းနိုင်၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး‌ဒေါ်စန်းစန်းလှိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများက ပျဉ်းမပင်ရပ်ကွက် ကမ်းနားလမ်းရှိ ရွှေကျင်ချောင်းသဘာဝရေပြင်အတွင်း ၂ လက္မအရွယ် ငါးမြစ်ချင်း ကောင်ရေ (၁၁၀၀၀၀)နှင့် ငါးခုံးမကြီးကောင်ရေ (၁၅၀၀၀၀) စုစုပေါင်းကောင်ရေ (၂၆၀၀၀၀)အားလည်းကောင်း၊ ခြေတော်ရွာ ကျေးရွာရှိ ပကွီးသု‌တေသနအင်းအတွင်းသို့ ၂ လက္မခွဲအရွယ်‌ ရွှေဝါငါးကြင်း ကောင်ရေ (၅၀၀၀)နှင့်၂ လက္မအရွယ် ငါးသိုင်းခေါင်းပွကောင်ရေ (၅၀၀၀)စုစုပေါင်း ကောင်ရေ(၁၀၀၀၀)တို့အား ငါးမျိုး စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)