ငါးသယံဇာတပေါများရေးဧရာဝတီမြစ်အတွင်းငါးမျိုးများစိုက်ထည့်

 

ရွှေဘို သြဂုတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ၊ရွှေဘိုခရိုင်၊ကျောက်​မြောင်းမြို့၊ အမှတ်()ရပ်ကွက်၊ ရတနာသိင်္ခ တံတားရှင်းလင်းဆောင်အနီး ဧရာဝတီမြစ်အတွင်းသို့ ယနေ့ ၊နံနက် ၉ နာရီ ခွဲအချိန်က ငါးသယံဇာတပေါများရေးအတွက် ငါးသားပေါက်များ စိုက်ထည့်ပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ငါးသားပေါက်များ စိုက်ထည့်ခြင်းနှင့် ပတ်သက်ပြီး ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအောင်သန်းဦးက ဒေသတွင်း ရေချိုငါးများ ဖူလုံစွာစားသောက်နိုင်ရေး၊ ငါးသယံ ဇာတတိုးပွားရေးတို့အတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း နှစ်စဉ်ငါးသားပေါက်များကို မြစ်၊ချောင်း၊အင်း ၊အိုင်၊ ဆည်တမံများ၊ ကန်များနှင့် စပါးခင်းများ အတွင်း နှစ်စဉ်ငါးသားပေါက်များ စိုက်ထည့်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ရွှေဘိုခရိုင် ငါးလုပ်ငန်း စခန်းတာဝန်ခံ ဦးဇော်ဝင်းက ယနေ့စိုက်ထည့်သည့် ငါးသောက်များနှင့်ပတ်သက်၍ ငါးမြစ်ချင်းသားပေါက်ကောင်ရေ လေးသိန်း၊ ထိုင်းငါးခုံးမကြီး သားပေါက်ကောင်ရေ နှစ်သိန်းနှင့်ရွှေဝါငါးကြင်းသားပေါက်ကောင်ရေ ငါးသောင်း စုစုပေါင်း ငါးသား ပေါက်ကောင်ရေ ခြောက်သိန်းခွဲရှိကြောင်းပြောကြားခဲ့သည်။

ငါးမျိုးစိုက်ထည့်သည့် အခမ်းအနားသို့ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦး၊ ရွှေဘိုတပ်နယ်မှူးဗိုလ်မှူးကြီးအောင်အောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဝင်များ၊ရွှေဘိုခရိုင်ငါးလုပ်ငန်းဦး စီးဌာနဝန်ထမ်းများ၊ ကျောက်မြောင်းမြို့ အုပ်ချုပ် ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး များတက်ရောက်ခဲ့ကြောင်း သိရသည်၊၊

ဘိုစိုး