ကျိုက်မရော သြဂုတ် ၂၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကလိုင်းကနိုင်ကျေးရွာတွင် သခွားသီးများစီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် ကိုဗစ်−၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း မိသားစုစားဝတ် နေရေး အတွက်အထောက်အကူဖြစ်သည့်အပြင် အပိုဝင်ငွေ လည်းရရှိနေကြောင်း သိရသည်။
“ယခုလိုသခွားပင်များကိုစီးပွားဖြစ်စိုက်ပျိုးရာမှာ မိုးကောင်းချိန်ဝါဆိုလအစတွင် သခွားမျိုးစေ့များ ကိုမြေကြီးတွင်ဘောင်ထောင်၍ အစေ့ချစိုက်ပျိုးခဲ့ပြီး ရက်ပေါင်း၂၀ခန့်တွင်တိုင်ထောင်ပေးရကြောင်း၊ တိုင်ထောင်ပြီးနောက်ထပ်ရက်ပေါင်း၃၀ခန့်လျှင် သခွား သီးများ အပြိုင်သီးလာပြီ ဖြစ်ကြောင်းသခွားပွင့် ပွင့်ချိန်တွင်အပွင့်အားတိုးဆေးဖြန်းပေးပြီး အသီးသီးချိန်တွင် ပျားပိုးကောင်လေး တွေ မထိုးရအောင်ပိုးသတ်ဆေးဖြန်းပေးရကြောင်း၊ သခွားသီးသီးချိန်တွင်သုံးရက်တစ်ကြိမ်ခူးပေးရကြောင်း၊ တစ်ခါခူးလျှင်ပိသာချိန်
၃၀၀ခန့်ရရှိခဲ့ကြောင်း၊ယခုချိန်ကသခွားသီးစျေးကောင်းချိန်ဖြစ်၍တစ်ပိသာကို၃၅၀ကျပ်ရရှိသဖြင့်သုံးရက်တစ်ကြိမ်ဝင်ငွေတစ်သိန်းခန့်ပုံမှန်ရရှိနေသဖြင့်ယခုလိုကိုဗစ် ရောဂါကာလကြီးအတွင်း မိသားစုအပိုဝင်ငွေ များရရှိကြောင်း”သခွားသီးစီးပွားဖြစ်စိုက်ပျိုးသူတောင်သူကြီး ဦးထွန်းလွင်ထံမှ သိရသည်။သခွားသီးတို့စရာကိုလူတိုင်းလည်းကြိုက်နှစ်သက်သဖြင့်စျေးကွက်အတွင်းရောင်းချရာမှာလည်းလွယ်ကူကြောင်းသိရပါသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)